News

POST TAGGED AS

အွန်လိုင်းရှော့ပင်း

လောဘဇောတွေ တက်လာပြီး မိမိတို့ ရောင်းဝယ်နေကြတဲ့ပစ္စည်းတွေဟာ ဥပဒေဘောင်အတွင်းကလား အပြင်ကလား ဆိုတာကို ဥပေက္ခာမပြုမိဖို့တော့ လိုပါတယ်။ လူတွေဟာ အတ္တအကျိုးစီးပွားနဲ့ ယှဉ်လာရင် ဥပဒေမဲ့ လုပ်လာတတ်တယ်။ ဒါကြောင့်လည်း ဥပဒေတစ်ရပ်ကသာ လူတွေကို အမျှတဆုံး ထိန်းကျောင်းပေးနိုင်တာပါ။
မြန်မာ့စာတိုက်လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် Za Information Technology ကုမ္ပဏီတို့ ပူးပေါင်းပြီး Market Place အမည်ရှိ ဝက်ဘ်ဆိုက်တစ်ခုကို ထူထောင်၍ အွန်လိုင်းဈေးဝယ်လုပ်ငန်းကို မတ်လ ၁ ရက်မှစ၍ လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာ့စာတိုက် လုပ်ငန်း၊ ဝန်ဆောင်မှုဌာန အထွေထွေမန်နေဂျာ ဒေါ်ဝင်းသီတာက ပြောကြားသည်။