POST TAGGED AS

အမြန်လမ်း

အမြန်လမ်း အရေးပေါ် လူနာတင်ယာဉ် စနစ်၏ အရေးပေါ် ဖုန်းနံပါတ် ၁၉၂ ကို ငါးလအတွင်း ဖုန်းခေါ်ဆိုမှု ဆယ့်ငါးသိန်း လေးသောင်း နှစ်ထောင့် ခြောက်ရာကျော်တွင် ၈၁ ခုသာ အမှန်တကယ် ယာဉ်မတော်တဆမှု ဖြစ်သည်ကို တွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ကုသရေး ဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာ မျိုးဆက်သွေးက The Voice သို့ ပြောကြားသည်။
02-Jan-2017 tagged as အမြန်လမ်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်အတွင်း ယာဉ်တိမ်းမှောက်မှု ၇၄၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၁၆၇ ဦး ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အရေအတွက် ၁၃၁၇ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသည်။
"လိုက်ထရပ်က ရှေ့က မောင်းလာသလို နောက်က ခရမ်းချဉ်သီးကားကလည်း ယာဉ်ကြောတူ မောင်းလာတုန်း နောက်ကားက ကျော်တက်ချိန်မှာ ရှေ့ကားက ယာဉ်ကြောပြောင်းတဲ့အချိန်နဲ့ ငြိပြီး တိုက်မိကြတာပါ"
02-Dec-2016 tagged as အမြန်လမ်း
ရန်ကုန်မန္တလေးအမြန်လမ်းတွင်ယခုနှစ်ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ၁၁လအတွင်း ယာဉ်တိမ်းမှောက်မှုများကြောင့် လူပေါင်း၁၅၀ခန့် သေဆုံးကာ၁၁၉၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်) မှ သိရှိရသည်
01-Dec-2016 tagged as ကား အမြန်လမ်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၁၁ လတာ ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများတွင် ယာဉ်မောင်းများ၏ အရှိန်ပြင်း မောင်းနှင်မှုကြောင့် ဖြစ်ပွားရခြင်းမှာ ထက်ဝက်ခန့် ပါဝင်နေကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း လှည်းကူးမြို့နယ် တိုးဂိတ်အနီးတွင် နိုဝင်ဘာလ ၁၉ရက် နံနက် ၇ နာရီကျော်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသည့် STAREX အမျိုးအစား မီနီဘတ်စ်ယာဉ်မှာ ယာဉ်မတော်တဆမှုဖြစ်ရာ လမ်းဘေးထိုးကျကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)ထံမှ စုံစမ်းသိရှိရသည်
"နေပြည်တော်ဖက်ကလာတဲ့ ယာဉ်လို့သိရတယ်။ စတင်လောင်ကျွမ်းချိန်ကနေ နာရီဝက်အကြာလောက်မှာ မီးလုံးဝငြိမ်းသွားပါတယ်။ ပျက်ဆီးဆုံးရှုံးမှုက အတိအကျ မပြောနိုင်သေးသလို ယာဉ်မောင်းကလည်း ထွက်ပြေးနေပါတယ်"
02-Nov-2016 tagged as အမြန်လမ်း
“ဆောက်လုပ်ရေး ၀န်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်ယာဉ်တွေက လွဲရင်ဘယ်ကားမဆို ကုန်တင်ဆောင်ပြီး ဖြတ်သန်းခွင့်မရှိဘူး။သစ်လုံးတင်ယာဉ်တွေကို အမြန်လမ်း ရဲတပ်ဖွဲ့စခန်းတွေက စစ်ဆေးခွင့် မရှိပေမယ့် သစ်တောဦးစီးဌာနနဲ့ ပေါင်းပြီး တိုးဂိတ်လိုနေရာမျိုးကနေ ဖမ်းဆီးစစ်ဆေးခွင့်ရှိပါတယ်"
02-Nov-2016 tagged as အမြန်လမ်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်များအနက် သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်သည့် ယာဉ်များကို စက်တင်ဘာလ ၁ ရက်နေ့ကစ၍ ဖမ်းဆီး အရေးယူခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့အထိ နှစ်လအတွင်း ယာဉ်စီးရေ ၃ဝဝဝ နီးပါး ဖမ်းဆီး ရမိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
14-Sep-2016 tagged as အမြန်လမ်း
"ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးတဲ့ ဖြစ်စဉ်တွေမှာ ယာဉ်မောင်းသူ အမှားက ပိုများတယ်၊ အခု ရှစ်လအတွင်း လူသေဆုံးမှု ၁၁၃ ဦးက ၂၀၁၃ တစ်နှစ်လုံးနဲ့ ညီနေတာ တွေ့ရပေမယ့် ခုရက်ပိုင်း ယာဉ်စည်းကမ်းကို စနစ်တကျ ထိန်းလိုက်ချိန် ယာဉ်မောင်းတွေ စည်းကမ်းလိုက်နာတာ များလာတော့ တဖြည်းဖြည်း ယာဉ်မတော်တဆမှု ကျဆင်းသွားမယ်လို့ ယုံကြည်ပါတယ်"