News

POST TAGGED AS

အဲဗာတန်

18-Sep-2017 tagged as မန်ယူ အဲဗာတန်
အဲဗာတန် တိုက်စစ်မှူး လုကာကုသည် မန်ယူက အဲဗာတန်ကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူရရှိပြီးချိန်၌ အောင်ပွဲခံခဲ့သည်မှာ အဲဗာတန် ပရိသတ်များနှင့် ထိုက်တန်သည်ကို ပြန်ပေးလိုက်ခြင်းဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
03-Sep-2017 tagged as အဲဗာတန်
အဲဗာတန် ကွင်းလယ်လူ ဘာ့ခ်လေက နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက်ရဲ့နောက်ဆုံးနေ့မှာ သူ့အနေနဲ့ ချယ်လ်ဆီးအသင်းပိုင် ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းဆီကိုသွားပြီး အသင်းပြောင်းဖို့အတွက် ဆေးစစ်မှုတွေ ခံယူခဲ့တယ် ဆိုတာက သတင်းမှားတွေလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။
11-Jul-2017 tagged as အဲဗာတန်
အဲဗာတန် တိုက်စစ်မှူး ရူနီသည် ယမန်နှစ် ဘောလုံးရာသီ၌ မန်ယူအသင်းခေါင်းဆောင်အဖြစ် လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ကိုင်မြှောက်ခွင့်ရခဲ့သည့် အခွင့်အရေးမှာ ၎င်းနှင့် မထိုက်တန်ဟု ခံစားရကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Sky Sports က ဖော်ပြထားသည်။
08-Jun-2017 tagged as အဲဗာတန်
အဲဗာတန်အသင်း တိုက်စစ်မှူး လုကာကုသည် လက်ရှိနွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ၎င်းကိုခေါ်ယူရန် ချယ်လ်ဆီးနှင့် မန်ယူတို့က အပြိုင်အဆိုင် ဆက်သွယ်ကမ်းလှမ်းကြဖွယ် ရှိသော်လည်း အသင်းနှစ်သင်း ယှဉ်ပါက ချယ်လ်ဆီးကိုသာ ဦးစားပေးအဖြစ် ထားရှိ၍ ရွေးချယ်သွားမည်ဟု အေးဂျင့်ရိုင် အိုလာ အပါအဝင် ၎င်း၏ အကျိုးဆောင်များကို လုကာကုက အသိပေးထားပြီ ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဒုဥက္ကဋ္ဌ အက်ဝုဒ်ဝါးဒ်ကို ခံစစ်အားဖြည့်ရန်အတွက် ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို အမြန်ဆုံး ခေါ်ယူပေးပါရန် တောင်းဆိုလိုက်ပြီဖြစ်ပြီး မိုက်ကယ်ကိန်း ကိုယ်တိုင်ကလည်း မန်ယူထံသို့ ပြန်လည် ပြောင်းရွှေ့ခွင့် ရနိုင်ရေးကို စိတ်အားထက်သန်မှုများ ရှိနေကြောင်း The Sun က ဖော်ပြထားသည်။
13-Jan-2017 tagged as မန်ယူ အဲဗာတန်
မန်ယူကွင်းလယ်ကစားသမား ရှနိုက်ဒါလင်သည် အဲဗာတန်ထံသို့ ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၂၄ သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီ ဖြစ်ကာ ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် ၎င်းတို့နှင့် ရှနိုက်ဒါလင် အကြား၌ လေးနှစ်ခွဲ သက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အဲဗာတန်က ထုတ်ပြန်ကြေညာထားသည်ဟု Mail Online က ဖော်ပြထားသည်။
06-Jan-2017 tagged as အဲဗာတန်
အဲဗာတန် တိုက်စစ်တောင်ပံကစားသမား ဘိုလာဆီသည် အဲဗာတန်နှင့် မန်ယူတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလိုက်ရပြီ ဖြစ်၍ ကြံ့ခိုင်မှုအပြည့်ဖြင့် ဘောလုံးပြန်ကစားနိုင်ရန် တစ်နှစ်ကျော်ကြာ အနားယူရတော့မည် ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
16-Dec-2016 tagged as မန်ယူ အဲဗာတန်
အဲဗာတန်အသင်းသည် မန်ယူကွင်းလယ်ကစားသမား ရှနိုက်ဒါလင်နှင့် တိုက်စစ်တောင်ပံကစားသမား ဒီပေးတို့ကို ခေါ်ယူရန်အတွက် မန်ယူအသင်း တာဝန်ရှိသူများနှင့် စတင်ဆွေးနွေးနေပြီ ဖြစ်ကာ ရှနိုက်ဒါလင်အတွက် ပြောင်းရွှေ့ကြေးကို မန်ယူက ပေါင် ၂၄ သန်း တောင်းဆိုနေကြောင်း Daily Mail က ဖော်ပြထားသည်။
အဲဗာတန်အသင်း နည်းပြ ရော်နယ်ကိုးမန်းသည် အဲဗာတန်က အာဆင်နယ်ကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို အရှုံးရလဒ် ကြုံရသည်နှင့် ဒိုင်လူကြီးကို အပြစ်တင်ရန်သာ ကြိုးပမ်းလေ့ရှိသူအဖြစ် စွပ်စွဲဝေဖန်လိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။