News

POST TAGGED AS

အမြောက်ကျည်ဆန်

ပုသိမ်တက္ကသိုလ်ဝင်းအတွင်း မြေကြီးတူးရာမှ စစ်ကျန်အမြောက်ကျည်ဆန်ဟောင်းတွေ့
ပုသိမ်၊ ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်ဝင်းအတွင်း အဆောက်အအုံသစ် တည်ဆောက်ရန် မြေတူးရာမှ စစ်ကျန် အမြောက်ကျည်ဆန်ဟောင်းတစ်ခုကို ဩဂုတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။

“မဆလာဖျော်တဲ့ကန်လုပ်ဖို့ မြေရှင်း မြေကြီးကိုတူးတော့ ပေါက်တူးအဖျားနဲ့ ခြစ်မိတာကနေ စတွေ့တာ၊ ဆိုဒ်ထဲက ဆရာတွေကိုပြတော့ ဗုံးထင်မိကြတယ်”ဟု ယင်းအမြောက်ကျည်ဆန်ကို စတင်တွေ့ရှိသူ ပန်းရန်လုပ်သား ဦးသန်းထိုက်က ပြောဆိုသည်။

၇၆ မမ အမြောက်ကျည်ဆန်ဟု ယူဆရပြီး အရှည် ၉ လက်မ၊ လုံးပတ် ၅ လက်မရှိကြောင်း၊ သံချေးတက်နေပြီး ထိပ်ဖူးမပါ အန္တရာယ်မရှိကြောင်း လာရောက်စစ်ဆေးသည့် အဖွဲ့တွင်ပါဝင်သော အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိက ပြောကြားသည်။ 

ယင်းကျည်ဆန်တွေ့ရှိရာသို့ အမှတ် ၄၄၄ စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ အမှတ် ၉၀၇ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းနှင့် ပုသိမ်မြို့မရဲစခန်းမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး အမှတ် ၉၀၇ စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိက လွှဲပြောင်းလက်ခံယူခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းထံမှ သိရသည်။

R-12



FOLLOW US