News

POST TAGGED AS

အမြောက်ကျည်ဆန်

ထန်းတပင်ဆင်စခန်းတွင် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကျင်းပ


ပုသိမ်၊ ဩဂုတ် ၁၃

ဧရာဝတီတိုင်း ငပုတောမြို့နယ် မြစ်တစ်ရာသစ်တောကြိုးဝိုင်းရှိ ထန်းတပင် ဆင်စခန်းတွင် ကမ္ဘာ့ဆင်များနေ့အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်မှစ၍ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း ဆင်မိတ်ဆွေများအဖွဲ့ထံမှ သိရသည်။ 

တိုင်းပြည်၏ရတနာဖြစ်သည့် တောဆင်ရိုင်းများကို ဒေသခံ တန်ဖိုးထား ထိန်းသိမ်းကြစေရန်နှင့် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများ လျော့ကျပပျောက်စေရေးအတွက် အသိပညာပေးရန် ကျင်းပခြင်းဖြစ်ကြောင်း အခမ်းအနားကျင်းပရေး အဖွဲ့ဝင် ဦးအောင်မြင့်ထွန်းက ပြောသည်။ 

“ဒီစခန်းမှာ ရှိတဲ့ ဆင်ယဉ်တွေကို ကြံ၊ ငှက်ပျောသီးစတဲ့ အစာတွေ ဘူဖေးကြွေးတယ်၊ အခမ်းအနားလာသူတွေကိုလည်း ဆင်တွေရဲ့ ယဉ်ကျေးလိမ္မာတဲ့အလေ့ အထတွေကို ပြသတယ်”ဟု ၎င်းက ဆိုသည်။ 

တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်သူများကို ဆင်သတ်သူများက အန္တရာယ်ပြုနိုင်ခြေရှိသဖြင့် ၎င်းတို့၏ အသက်လုံခြုံရေးကို အစိုးရဌာနများအနေနှင့် အထူးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေသခံ ဆင်မိတ်ဆွေများအဖွဲ့မှ ဦးမြတ်မင်းက အကြံပြုသည်၊။

ငပုတောမြို့နယ်ရှိ သစ်တောများသည် ရခိုင်ရိုးမတောင်တန်းနှင့် တစ်ဆက်တစ်စပ်တည်းရှိနေသောကြောင့် တောဆင်ရိုင်းများ လှည့်လည်ကျက်စားလျက်ရှိကြောင်း၊ တောဆင်ရိုင်း ကာကွယ်ရေးအတွက် သစ်တောရဲ၊ ရဲတပ်ဖွဲ့နဲ့အရေးပေါ် ဆင်ကိစ္စ ဆောင်ရွက်ရေးအဖွဲ့၊ ဒေသခံအုပ်ချုပ်ရေး အဖွဲ့တို့ပူးပေါင်း၍ စခန်းသုံးခု ဖွင့်လှစ်ပြီး ကင်းလှည့်ဆောင်ရွက်နေကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

R-12



FOLLOW US