News

POST TAGGED AS

အသေးစား

မန္တလေးတိုင်းအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ ထုတ်ချေးမည့် ချေးငွေအစီအစဉ် (MEB Two Step Loan) ကို ယခုလမှ စတင် ထုတ်ချေးပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မန္တလေး) ထံမှ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တောင်သူများကို အယုံသွင်း၍ ငွေချေးပေးမည်ဟုဆိုကာ ငွေကြေးကောက်ခံမှုများ ရှိနေသည့်အတွက် ယင်းကုမ္ပဏီများကို သတ်မှတ်ချက်များအရ လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေမှုကို တည်ဆဲဥပဒေများအရ စိစစ်၍ အရေးယူရန်စီစဉ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့က သတိပေးထုတ်ပြန်သည်။

နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်း Advans နှင့် ရိုးမဘဏ်တို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မိသားစုများကို အသေးစားချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ သိရသည်။
ကချင်ပြည်နယ်ရှိ အသေးစားရွှေလုပ်ငန်း၊ လုပ်ကွက်များကို ဒေသခံများ လုပ်ကိုင်နိုင်စေရန် ဥပဒေကြမ်းရေးဆွဲကာ တင်ပြထားပြီး ကချင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုသွားမည်ဖြစ်ကြောင်း ဗန်းမော် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက ပြောကြားသည်။
အသေးစား အလတ်စားစီးပွားရေး လုပ်ငန်းရှင်များ ချေးငွေမြန်မြန်ဆန်ဆန် ရရှိရန်အတွက် စည်ပင်သာယာရေး ကော်မတီ၊ မြေစာရင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ အကူအညီများပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောကြားသည်။