News

POST TAGGED AS

အမေရိကန်

အမေရိကန်နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာသော ကလေးများကို မိဘများနှင့်အတူရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ကြားနာစစ်ဆေးမှု လုပ်ဆောင်နေသည့် ကာလအတွင်း အမေရိကန်အစိုးရက ထိန်းသိမ်းထားပိုင်ခွင့်ရှိကြောင်းဇွန်လ ၂၉ ရက်နေ့တွင် အစိုးရကတရားရုံးသို့ တင်ပြမှုတွင် ဖော်ပြထားသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
အမေရိကန်နယ်စပ်ဒေသများတွင် ရွှေ့ပြောင်းအခြေချမိသားစုများအားမိဘ တခြား၊ ကလေးငယ်များ တခြားကန့်သတ်ခွဲခြားကာ ထိန်းသိမ်းထားရှိသည့် သမ္မတ ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ တင်းမာသည့် မူဝါဒနှင့် အစီအစဉ်များကို ဆန့်ကျင်ကန့်ကွက်သူ ထောင်ပေါင်းများစွာက အမေရိက မြို့ကြီးများတွင် ဇွန်လ ၃၀ ရက်နေ့က ချီတက်ဆန္ဒပြခဲ့ကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့အရှေ့ဘက်ရှိ အန်နာပိုးလစ်မြို့အခြေစိုက် သတင်းစာတစ်စောင်ဖြစ်သော Capital Gazette (ကက်ပီတယ်ဂေဇက်) ၏ သတင်းစာတိုက်တွင်းသို့ သေနတ်သမားတစ်ဦးဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူငါးဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
ဂျာမနီရှိတပ်ဖွဲ့များ ရုပ်သိမ်းရွှေ့ပြောင်းရေးကို အမေရိကန်က ထုတ်ဖော်လိုက်ခြင်းသည် ဇူလိုင်လ နေတိုးထိပ်သီးဆွေးနွေးပွဲမတိုင်မီ ညှိနှိုင်းသည့် ပရိယာယ်ဖြစ်နေသလားဆိုသည်ကို ဥရောပတာဝန်ရှိသူများက အဖြေထုတ်ရန် ကြိုးစားနေသည်ဟု DW သတင်းတွင်ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို တာဝန်ယူသော်လည်း နယ်မြေပိုင်နက်ကို တစ်လက်မမျှပင် စွန့်လွှတ်မည်မဟုတ်ဟု သမ္မတရှီကျင့်ဖျင်က ဘေဂျင်းရောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ကို ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
28-Jun-2018 tagged as အမေရိကန်
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ပြောခွင့်ရ အမျိုးသမီးကို ထရမ့်ဆန့်ကျင်ရေးသမား စားသောက်ဆိုင်ပိုင်ရှင်က ဆိုင်တွင်းမှ နှင်ထုတ်မှုဖြစ်ပွားခဲ့အပြီးတွင် ထရမ့်သည် ဒီမိုကရက်များနှင့် စကားလုံး စစ်ပွဲဖြစ်ပွားနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ယခုအခါ ကမ္ဘာ့နိုင်ငံအတော်များများ၊ အထူးသဖြင့် အနောက်ကမ္ဘာတွင် အမျိုးသားရေးပါတီများ ပေါ်ထွန်းလျက်ရှိပြီး ယင်းသို့ အမျိုးသားရေးအင်အားစုများ ခေါင်းထောင်လာမှုတွင် လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အဓိပတိနေရာတွင် ရှိနေသည်ဟု Financial Times သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဂိုင်ဒါန်ရစ်ခ်ျမန်းက ရေးသားသည်မှာ စိတ်ဝင်စားစရာကောင်းလှပါသည်။
အမေရိကန်ပြည်ထောင်စုသို့ ကလေး များနှင့်အတူ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူများအား ရာဇဝတ်ကြောင်းဖြင့် တရားစွဲဆိုခြင်းကို အမေရိကန်နယ်စပ်လုံခြုံရေးအရာရှိများက ယာယီရပ်ဆိုင်းထားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုထဲသို့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများကို တရားရေးဆိုင်ရာလုပ်ငန်းစဉ်များ လုပ်မနေတော့ဘဲ ချက်ချင်းပင်လာရာဌာနေသို့ ပြန်ပို့သင့်သည်ဟု သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင်ပြောကြားပြီး ယင်းသို့ တရားမဝင် ဝင်ရောက်သူများသည် တိုင်းပြည်ကို ဖောက်ထွင်းရန်ကြိုးပမ်းနေသည့် ကျူးကျော်သူများနှင့်ပင်တူသည်ဟု သမုတ်လိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
ကိုရီးယားစစ်ပွဲအတွင်း ပျောက်ဆုံးခဲ့သော အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရုပ်ကြွင်းများကို မြောက်ကိုရီးယားထံမှ ပင်တဂွန်က လာမည့်ရက်များအတွင်း လက်ခံရန် ကြိုတင်ပြင်ဆင်နေပြီဖြစ်ရာ ၎င်းရုပ်ကြွင်းများကို စိစစ်ရာတွင် အမေရိကန်စစ်တပ်အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။