News

POST TAGGED AS

အမေရိကန်

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဒေါ်နယ်ထရမ့်က အမျိုးသားညီညွတ်ရေး တိုက်တွန်းဆော်သြထားသည့် ကျေးဇူးတော်နေ့မိန့်ခွန်း ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
သမ္မတနေရာ ဆက်ခံသူ ဒေါ်နယ်ထရမ့်သည် အဓိကကျသော အမေရိကန် တန်ဖိုးများကို ခြိမ်းခြောက်လာပါက နိုင်ငံသားတစ်ယောက် အနေနှင့် ဝေဖန်သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သမ္မတသစ်အဖြစ် တင်မြှောက်ခံထားရသူ ဒေါ်နယ်ထရမ့်နှင့် ပတ်သက်ပြီး “အဆိုးဆုံးချည်း တွေးမထား ကြပါနဲ့” ဟု လက်တင်အမေရိကနှင့် ကာရေဘီယံဒေသမှ လူငယ်ခေါင်းဆောင် ၁၀၀၀ နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။
အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခံထားရသော ဒေါ်နယ်ထရမ့်သည် အစိုးရအဖွဲ့သစ်အတွက် အမျိုးသားလုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးနယ်ပယ်တို့ကို ဦးဆောင်ရန် ၎င်း၏ သစ္စာတော်ခံ ကွန်ဆာဗေးတစ် ပုဂ္ဂိုလ်သုံးဦးကို ရွေးချယ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့် တာဝန် စတင်ထမ်းဆောင်မည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပိုမိုအာဏာရှင်ဆန်လာသည့် ဖြစ်စဉ်များ၊ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး ဒီမိုကရေစီရေး မတည်ငြိမ်မှုတို့ကို ရင်ဆိုင်ရမည် ဖြစ်သည်။ ယင်းအရေးကို ထရမ့် မည်ကဲ့သို့ ကိုင်တွယ်မည် ဆိုသည်မှာ ၎င်း၏ သမ္မတတာဝန်အတွင်း အကြီးမားဆုံးသော စိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်။
ပြီးခဲ့သည့်တစ်ပတ်က အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်ခဲ့ရခြင်းအတွက် အဘယ်မျှ စိတ်ပျက်ခဲ့ရသည် ဆိုခြင်းကို ဟီလာရီကလင်တန်က ပထမဆုံး အများပြည်သူရှေ့ထွက်ပြီး မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
အီးယူမှ ဗြိတိန်နုတ်ထွက်မှု (Brexit) ကိစ္စနှင့် အမေရိကန် သမ္မတရွေးပွဲ ကိစ္စ ပေါ်ပေါက်အပြီးတွင် သမ္မတ အိုဘားမားက “ကြမ်းတမ်းခက်ထန်သော အမျိုးသားရေးဝါဒ ကြီးထွားလာကြောင်း” သတိပေး ပြောဆိုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်က သူသမ္မတ ဖြစ်လာချိန်တွင် ရာဇဝတ်မှု မှတ်တမ်းရှိသည့် အထောက်အထား မရှိသော ရွှေ့ပြောင်းအခြေချသူ နှစ်သန်းမှ သုံးသန်းခန့်အထိကို နှင်ထုတ်သွားမည် ဖြစ်ပြီး တရားမဝင် ရွှေ့ ပြောင်းအခြေချသူများ စီးဝင်မှု ဟန့်တားနိုင်ရန်အတွက် သူ့မဲဆွယ်ကတိကဝတ်အတိုင်း အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းကာသွားမည်ဟု ပြောကြားခဲ့ ကြောင်း VOA သတင်းက ဖော်ပြသည်။
“အခုက မတူတော့ဘူးလေ” အမေရိကန်မူဝါဒ အကြီးအကျယ် ပြောင်းလဲမည် မဟုတ်ဘဲ ဒေါ်နယ်ထရမ့် ကိုယ်တိုင်သာ လေသံပြောင်း
Trump သည် ထင်သလောက် ကြမ်းချင်မှ ကြမ်းမည်။ စာရေးသူ အနေနှင့် Trump စကားကြမ်းကြမ်းများ၊ အစွန်းရောက် စကားများဖြင့် အမေရိကန် သတင်းမီဒီယာများတွင် နာမည်ကျော် ကတည်းက သူသည် ရွေးကောက်ပွဲ အနိုင်ရအောင် ဗျူဟာဖြင့် ပြောနေခြင်းဟု သံသယ ဝင်မိသည်။ ထိုသံသယသည် ယခုထက်တိုင် မပျောက်သေးပါ။ ရွေးကောက်ပွဲ အနိုင်ရသည့်အခါ ပြောသည့်မိန့်ခွန်း Victory Speech တွင် ပြိုင်ဘက် ဟီလာရီကို ဂုဏ်ပြုချီးကျူးလိုက်ပြီး ‘President of all Americans’ ‘အမေရိကန်အားလုံး၏ သမ္မတ’ ဖြစ်စေရမည်ဟု ပြောကြားလိုက်ခြင်းက ထိုသံသယကို ပိုခိုင်မာစေသည်။