News

POST TAGGED AS

အမေရိကန်

အမေရိကန်ပြည်ထောင်စု အနေနှင့် တရုတ်ပြည်ကို ပြဿနာ ရှာနိုင်ရေးအတွက် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို အကျိုးရှိရှိ အသုံးချနေမှုများအား ရပ်တန့်သင့်ပြီ ဖြစ်သည်ဟု တရုတ်အစိုးရ၏ တိဘက်ရေးရာ ထိပ်တန်းအရာရှိကြီးတစ်ဦးက သတိပေး ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
သောင်းကျန်းနေသော ‘လူဆိုးများ’ (Bad Hombres) များကို မက္ကဆီကို စစ်တပ်က ထိထိရောက်ရောက် မထိန်းချုပ်နိုင်ပါက အမေရိကန်တပ်များ စေလွှတ်ရလိမ့်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကို သမ္မတနှင့် ဖုန်းဆက်သွယ်မှုတွင် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း AP သတင်းဌာနက ရရှိသည့် ဖုန်းဆက်သွယ်မှု မှတ်တမ်း ကောက်နုတ်ချက်တစ်ခုအရ သိရသည်။
လူဝင်မှုကြီးကြပ်သည့် အစီအစဉ်သစ်၏ တရားဝင်မှုအပေါ် မေးခွန်းထုတ်ခဲ့သည့် ယာယီရှေ့နေချုပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကမ္ဘာ့ခေါင်းဆောင်များနှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း ဆက်သွယ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။
ဒုက္ခသည် လက်ခံမှုနှင့် မွတ်ဆလင် လူများစုနိုင်ငံ ခုနစ်နိုင်ငံမှ ခရီးသွား ဝင်ရောက်မှုအပေါ် တင်းကျပ်စွာ ထိန်းချုပ်ရန် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ၏ မက္ကဆီကို နယ်စပ်တစ်လျှောက် ‘ဖြတ်သန်းမရနိုင်သော ရုပ်ပိုင်းဆိုင်ရာ အတားအဆီး’ တစ်ခု တည်ဆောက်ရန် သမ္မတ ဒေါ်နယ်ထရမ့်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
26-Jan-2017 tagged as အမေရိကန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒုက္ခသည်အများစုကို ယာယီပိတ်ပင်ပြီး ဆီးရီးယား၊ အရှေ့အလယ်ပိုင်း ၆ နိုင်ငံနှင့် အာဖရိက တိုင်းပြည်များ၏ နိုင်ငံသားများကို ပြည်ဝင်ခွင့်ဗီဇာ ဆိုင်းငံ့ထားမည့် အမိန့်များကို ဗုဒ္ဓဟူးနေ့တွင် စတင် လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း နီးစပ်သော ကွန်ဂရက်လွှတ်တော် လက်ထောက်များနှင့် လူဝင်မှုကြီးကြပ်ရေး ကျွမ်းကျင်သူများက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၏ သမ္မတသစ်အဖြစ် ရွေးချယ်ခြင်းခံထားရသူ ဒေါ်နယ်ထရမ့်သည် သမ္မတသစ်အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုမီ အချိန်တွင် သူအမြဲကိုင်ဆောင် အသုံးပြုလာခဲ့သော Android ဖုန်းကို လုံခြုံရေးအရ စွန့်လွှတ်ခဲ့ရကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံး သံအမတ်ကြီး မာစီရယ်သည် ဇန်နဝါရီလ ၂၃ ရက်တွင် ချင်းပြည်နယ်သို့ ပထမဆုံး ခရီးသွားမည်
အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက် သမ္မတအဖြစ် စတင် ကျမ်းသစ္စာ ကျိန်ဆိုပြီး အုပ်ချုပ်ရေးအာဏာ ရယူသည့်နေ့တွင် ဒေါ်နယ်ထရမ့်က အမေရိကကို ပထမ ဦးစားပေးဖြစ်ရမည်ဟုဆိုကာ အမျိုးသားရေး စိတ်ဓာတ်တက်ကြွစေမည့် မိန့်ခွန်းကို ပြောဆိုလိုက်သည်။