News

POST TAGGED AS

အမေရိကန်

တောင်ကိုရီးယားတွင် တပ်ဆင်သည့် အဆင့်မြင့် ဒုံးကျည်ကာကွယ်ရေးစနစ်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအား ဒူးထောက်စေရန် မဟုတ်ဘဲ ၎င်း၏ သဘောအတိုင်း လုပ်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ပစ္စဖိတ်ဒေသဆိုင်ရာ အမေရိကန် ထိပ်တန်းတပ်မှူးက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
27-Apr-2017 tagged as အမေရိကန်
ဘာလင်တွင် ကျင်းပနေသော အမျိုးသမီး ထိပ်သီးညီလာခံတွင် ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်က သူမ၏ ဖခင်အား ကာကွယ်ပြောဆိုမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
26-Apr-2017 tagged as အမေရိကန်
အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်သား ဘိုးဘိုးဟာ အသက် ၉၇ နှစ်မှာ သူ့ရဲ့တစ်ဘဝလုံး ဖြစ်ချင်ခဲ့တဲ့အလုပ်ကို တစ်ရက်တာ လုပ်ခွင့်ရခဲ့ပါတယ်။
အမေရိကန် လေယာဉ်တင် သင်္ဘောကို နှစ်မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ပြီးနောက် တစ်ရက်အကြာတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က သမ္မတထရမ့်နှင့် ဖုန်းပြောရာတွင် အုပ်စုအားလုံး သည်းခံကြရန် တိုက်တွန်းလိုက်သည်
ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် ဂျပန်စစ်သင်္ဘောနှစ်စင်းက လာရောက်ပူးပေါင်းခဲ့ရာ မြောက်ကိုရီးယားက ၎င်း၏ စစ်အင်အားကို ပြသရန်အတွက် အဆိုပါ လေယာဉ်တင်သင်္ဘောကို နှစ်မြှုပ်ပစ်ရန် အဆင်သင့် ရှိနေပြီ ဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ပိတ်ဆို့မှုများ၊ စီးပွားရေး လုံးဝနီးပါး ပြိုလဲမှုနှင့် နေရာအနှံ့ အငတ်ဘေးဆိုက်သည့် နှစ်ကာလများသည် နိုင်ငံ၏ လက်ဦးမှုယူ ကာကွယ်ရေးနှင့် ပို့ကုန်အတွက် မောင်းနှင်အားဖြစ်သော ဒုံးကျည်ထုတ်လုပ်ရေး စီမံကိန်းများကို ဟန့်တားနိုင်ခဲ့ခြင်း မရှိပေ။
၂၀၁၇ ဧပြီလမှ စတင်ကာ ကမ္ဘာ့နိုင်ငံရေး အခြေအနေသည် အလျင်အမြန် ပြောင်းလဲလာနေပါတယ်။ ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံများဟု သတ်မှတ်ထားသော အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မကျေလည်မှုများ ကြီးထွားလာနေပါတယ်။ ယခု ဧပြီလ အစောပိုင်းတွင် အမေရိကန်ဟာ ရုရှား၏မိတ်ဖက် ဆီးရီးယားနိုင်ငံအား ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြင့် နိုင်ငံတကာ တင်းမာမှု အရှိန်အဟုန်ကို အမြင့်ဆုံးအမှတ်သို့ ဆွဲတင်လိုက်တယ်။
20-Apr-2017 tagged as အမေရိကန်
အမေရိကန် လေယာဉ်တင် သင်္ဘောကြီးနှင့် စစ်သင်္ဘောများမှာ မြောက်ကိုရီးယားသို့ ဦးတည်ခုတ်မောင်းလာခဲ့ခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်လားရာသို့ ခုတ်မောင်းခဲ့ခြင်းသာ ဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
19-Apr-2017 tagged as အမေရိကန်
အမေရိကန် ပြည်ထောင်စု အလက် စကာပြည်နယ်အနီးရှိ နိုင်ငံတကာ လေပိုင်နက်ထဲသို့ ရုရှားဗုံးကြဲလေယာဉ်များ ပျံသန်းဝင်ရောက်လာမှုများ ရှိသည်ဟု VOA သတင်း တစ်ရပ်က ဖော်ပြထားသည်။
ကိုရီးယားကျွန်းဆွယ်တွင် အချိန်မရွေး နျူကလီးယားစစ်ပွဲ ဖြစ်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယသံအမတ် ကင်မ်အင်န်ယောင်က ဧပြီလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း CNN က ဖော်ပြသည်။