News

POST TAGGED AS

အမေရိကန်

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က မိမိနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ထပ်မံတွေ့ဆုံမည့်ကိစ္စမှာ လွန်စွာဖြစ်နိုင်ခြေများသည်ဟု တနင်္လာနေ့ကထုတ်ဖော်ပြောကြားပြီး နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ ကြိုးပမ်းချက်များကို ကာကွယ်ပြောဆိုလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းများ မြင့်တက်နေသည့်အချိန်အခါတွင် ပုဂ္ဂလိကဘဏ်များ၏ အမေရိကန်ဒေါ်လာ ဝယ်ဈေး၊ ရောင်းဈေး ကွာဟချက်မှာ ဒေါ်လာဈေး တည်ငြိမ်နေစဉ် ယခင်ကထက် ပိုမိုများပြားကြောင်း ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ငွေလဲနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၈ ခုနှစ် ဧပြီလမှ ဩဂုတ်လ ပထမအပတ်အထိ လေးလကျော်အတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၁၁၃၇ ဒသမ ၆၇၅ သန်းအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်တပ်သည် ပစိဖိတ်ဒေသတွင်းရှိ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်ပစ်မှတ်များကို တိုက်ခိုက်ချေမှုန်းရန်အတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေဖွယ်ရှိသည်ဟု ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာတစ်ရပ်က သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။
ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းသော အစားအစာများသည် လူ့သက်တမ်းကို လေးနှစ်ခန့် လျော့စေနိုင်သည်ဟု အမေရိကန် သုတေသန အစီရင်ခံစာတစ်စောင်က တင်ပြထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တူရကီနိုင်ငံမှတင်ပို့သော အလူမီနီယံနှင့် စတီးထုတ်ကုန်များကို စည်းကြပ်ခွန် နှစ်ဆတိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်လိုက်ပြီးနောက် တူရကီနိုင်ငံသမ္မတ ရီဆစ်တေယစ် အာဒိုဂန်က iPhone အပါအဝင် အမေရိကန်လုပ် လျှပ်စစ်ပစ္စည်းများ တူရကီသို့ တင်သွင်းမှုကို ပိတ်ပင်သွားမည်ဖြစ်သည်ဟု တုံ့ပြန်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ Apprentice ရုပ်သံအစီအစဉ်နှင့် အိမ်ဖြူတော်လက်ထောက်ဟောင်း အိုမာရိုဆာ မန်နီဂေါ့လ် နယူမန်ရေးသားသော ဖော်ကောင်စာအုပ်ဆိုင်ပေါ်သို့ ရောက်လာမှုကြောင့် သူမအား “ခွေးမ၊ အရူးအနှမ်း၊ နာမည်ပျက်” စသော ခပ်ကြမ်း ကြမ်းစကားလုံးများဖြင့် အင်္ဂါနေ့က ပြစ်တင်ရှုတ်ချလိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား စစ်ပွဲဖြစ်လာမည်မဟုတ်သလို စေ့စပ်ညှိနှိုင်းမှုများလည်း ရှိလာမည်မဟုတ်ဟု အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ပြောကြားလိုက်ပြီး နိုင်ငံ၏ပြဿနာမှာ အသစ်ပြဋ္ဌာန်းလိုက်သော ဒဏ်ခတ်အရေးယူမှုများထက် အစိုးရစီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၏ ရလဒ်ပင်ဖြစ်သည်ဟု ဆိုလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သည် တူရကီအား နောက်ကျောကို ဓားနှင့်ထိုးရန် ကြိုးစားနေသည်ဟု တူရကီသမ္မတ အာဒိုဂန်က စွပ်စွဲခဲ့ကြောင်းနှင့် လိုင်ယာငွေ၏ အခက်အခဲကို ဈေးကွက်လွယ်ကူချောမွေ့ရေး အစီအစဉ်များဖြင့် တားဆီးပေးမည့် တူရကီဗဟိုဘဏ်၏ ကြိုးစားမှုမအောင်မြင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။
အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးများ အရောင်းအဝယ် ပြုလုပ်ရာတွင် ဗဟိုဘဏ်သတ်မှတ်နှုန်း၏ သုည ဒသမ ၈ ရာခိုင်နှုန်းသာ အတိုးအလျှော့ ပြုလုပ်နိုင်သည့် သတ်မှတ်ချက်ဘောင်ကို ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။