News

POST TAGGED AS

အမေရိကန်

စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella Hotel တွင်ကျင်းပပြုလုပ်သော အမေရိကန်-မြောက်ကိုရီးယား သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ အခမ်းအနားစတင်ချိန်၌ သမ္မတဒေါ်နယ်ထရမ့်နှင့် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံကာ ဦးစွာလက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။
အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံရာ၌ အရှေ့အာရှဒေသ စစ်ရေးချိန်ခွင်လျှာ ပျက်ပြားပြီး အင်အားကြီးထွားလာသော တရုတ်နိုင်ငံ အသာစီးရစေမည့် လိုက်လျောမှုမျိုးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံရာတွင် မပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထရမ့်ကိုအကြံပြု ပြောဆိုခဲ့ကြောင်း အစိုးရသတင်းရင်းမြစ် များကို Reuters သတင်းဌာနက ကိုးကားဖော်ပြသည်။
စက်မှုအင်အားကြီး ၇ နိုင်ငံ G7 ခေါင်းဆောင်များသည် ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ရန်အတွက် ခက်ခက်ခဲခဲရုန်းကန်နေကြရပြီး အမေရိကန်နှင့် မဟာမိတ်များအကြား နက်ရှိုင်းစွာ သဘောကွဲလွဲနေမှုကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ဖွယ်မရှိဟု DW သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာအငြင်းပွားမှုများကြောင့် ကုန်သွယ်ရေးစစ်ဖြစ်မည့်သဘောမျိုး သက်ရောက်နေချိန်တွင် တရုတ်နှင့် အိမ်နီးချင်းရုရှားနိုင်ငံတို့၏ ဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်လျက်ရှိသလို မြို့တော်ဘေဂျင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သမ္မတရှီကျင့်ဖျင်က တည်ခင်းဧည့်ခံခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်နာမည်ကျော် စားဖိုမှူးနှင့် စီစဉ်တင်ဆက်သူ အန်ထိုနီဘော်ဒင်သည် သူတည်းခိုရာ ဟိုတယ်ခန်းတွင်း သေဆုံးနေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဟု ယူဆရကြောင်း BBCသတင်းဌာနက ဖော်ပြသည်။
စင်ကာပူနိုင်ငံတွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ ထိပ်သီးဆွေးနွေးပွဲ မစတင်မီ တောင်ကိုရီးယားဂျာနယ်လစ်များကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဇွန်လ ၁၂ ရက် စင်ကာပူထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်ကိစ္စကို သမ္မတဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ယင်းဆွေးနွေးပွဲကိစ္စ ပြန်လည်စီစဉ်ပေးရန် တောင်းပန်ခဲ့ခြင်းကြောင့် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ထရမ့်၏ ရှေ့နေဖြစ်သူရူဒီဂိုင်လီယန်နီက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
လာမည့်သီတင်းပတ်အတွင်း အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲသည် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ကလေးသူငယ်များအား ၎င်းတို့၏မိဘများနှင့် ခွဲထားသည့် အမေရိကန်အစိုးရ၏ မူဝါဒသည် ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်သောကြောင့် ရပ်ဆိုင်းရန် ကုလသမဂ္ဂက တောင်းဆိုခဲ့ပြီးနောက် အင်္ဂါနေ့တွင် ထရမ့်အစိုးရက ၎င်း၏မူဝါဒကို ကာကွယ်ပြောဆိုလိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ သမိုင်းဝင်ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံတွင် လာမည့်ဇွန်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု အမေရိကန်အိမ်ဖြူတော်က သတင်းထုတ်ပြန်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။