News

POST TAGGED AS

အမေရိကန်

မိန်းမလျာဖြစ်သောကြောင့် အနိုင်ကျင့်ခံရသဖြင့် ကိုးနှစ်အရွယ် ကျောင်းသားကိုယ့်ကိုယ်ကိုယ် သတ်သေ


ဝါရှင်တန် ဩဂုတ် ၂၈

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာရှိကျောင်းတစ်ကျောင်းတွင် မိန်းမလျာဖြစ်သောကြောင့် အနိုင်ကျင့်ခံရမှုကို လေးရက်ကြာခံစားခဲ့ရသော ကိုးနှစ်အရွယ် ကျောင်းသားလေးသည် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း သူ၏မိခင်ဖြစ်သူ၏ ပြောကြားမှုကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။

ဂျမဲလ်မီလက်စ်သည် ပြီးခဲ့သည့် နွေရာသီကတည်းက မိမိမှာမိန်းမလျာ (gay) တစ်ဦးဖြစ်ကြောင်း မိခင်ကို အသိပေးခဲ့သည်ဟုဆိုသည်။ ဂျမဲလ်သည် ကျောင်းပြန်တက်သောအခါ အတန်းဖော်များကို မိမိသည် ဂေးဖြစ်ရသည်ကိုဂုဏ်ယူကြောင်း ပြောလိုသည်ဟု ပြောခဲ့ကြောင်းမိခင်ဖြစ်သူ လီယာပီယာ့စ်က KDVR ရုပ်သံသို့ ပြောကြားခဲ့သည်။

ဒန်ဗာအစိုးရကျောင်းများဌာန (DPS) က ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဂျမဲလ်တက်ရောက်ခဲ့သော ရှူးမေကာ အခြေခံပညာကျောင်းမှ ကျောင်းသားများအတွက် နှစ်သိမ့်ဆွေးနွေးပညာပေးသူများ စီစဉ်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

ကျောင်းသားများအတွက် ထပ်တိုး နှစ်သိမ့်ဆွေးနွေးပညာပေးမှု လုပ်ဆောင်ရန်အတွက် မိဘများထံလည်း စာများပေးပို့ ထားသည်ဟု DPS က ထုတ်ပြန်ထားသည်။ ဂျမဲလ်၏သေဆုံးမှုမှာ ကျောင်းအသိုင်းအဝိုင်းအတွက် မမျှော်လင့်သော ဆုံးရှုံးမှုဖြစ်ကြောင်း၊ မိဘများအနေနှင့် မိမိတို့ကလေးများကို စောင့်ကြည့်ရန် လိုအပ်ကြောင်းစာတွင် ဖော်ပြထားသည်။

လေးတန်းနှင့် ငါးတန်းဆရာများက မိသားစုများကိုခေါ်ယူကာ ကျောင်းသားတစ်ဦးချင်းစီကို စစ်ဆေးဆွေးနွေးရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ကလေးငယ်သေဆုံးမှုမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဟုတ်၊ မဟုတ်ကိုလည်း ဒန်ဗာရဲတပ်ဖွဲ့က စစ်ဆေးနေသည်ဟု သိရသည်။ ဂျမဲလ်သည် ဂျိုးရှူးမေကာ အခြေခံပညာကျောင်းတွင် လေးတန်းတက်ရောက်နေသူဖြစ်သည်။

“ကျောင်းက ကလေးတွေက သားလေးကို ကိုယ့်ကိုယ်ကိုယ်သတ်သေခိုင်းတယ်လို့ သားက အဲ့ဒီကျောင်းမှာပဲတက်တဲ့ ကျွန်မသမီး အကြီးမကို ပြောပြခဲ့သေးတယ်။ သားလေးက ကျွန်မကိုလာမပြောခဲ့တဲ့အတွက်ပဲ ဝမ်းနည်းမိတယ်။ သားလေးက သူ့မှာ ဒါပဲရွေးချယ်စရာရှိတယ်လို့ တွေးမိတာ ကျွန်မအရမ်းစိတ်မကောင်း ဖြစ်မိတယ်”ဟု မိခင်ဖြစ်သူ ပီယာ့စ်က ပြောကြားခဲ့သည်။

သားဖြစ်သူမှာ သူဂေးဖြစ်နေကြောင်း မိခင်ကို အသိပေးချိန်ကတည်းက ပင် ကြောက်ရွံ့နေခဲ့သော်လည်း မိခင်က သားဖြစ်သူ ဘယ်လိုဖြစ်ဖြစ် ချစ်ကြောင်း နှစ်သိမ့်ပေးခဲ့သည်ဟု ဆိုသည်။ 

F-03
 




FOLLOW US