News

POST TAGGED AS

အမေရိကန်

ရန်သူလော၊ မိတ်ဆွေလော ပူတင်ကို မပြောနိုင်သေးကြောင်း သမ္မတဒေါ်နယ်ထရမ့် ပြောကြား


ဝါရှင်တန် ဒီစီ၊ ဇူလိုင် ၁၁

ရုရှားသမ္မတ ဗလာတီမာပူတင်သည် ရန်သူလော၊ မိတ်ဆွေလောဆိုသည်ကို ယခု မပြောနိုင်သေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဒေါ်နယ်ထရမ့်ဟာ NATO အစည်းအဝေး၊ ဗြိတိန်ခရီးစဉ်တို့အတွင်း ရုရှားဘက်ကိုဝင်ခြင်းဟာ လမ်းသင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

NATO မဟာမိတ်နိုင်ငံများဟာ သူတို့လုံခြုံရေးအတွက် လုံလောက်စွာ ကိုယ့်ပိုက်ဆံကိုယ် ထုတ်မသုံးကြဘူးဟုလည်း ထရမ့်က ဝေဖန်လိုက်သေးသည်။ 

“ကျွန်တော့်မှာ NATO ရှိတယ်။ ကျွန်တော့်မှာ ဗြိတိန်ရှိတယ်။ သူတို့ဟာ ပြဿနာတွေ တက်နေကြတယ်။ ပြီးတော့ ကျွန်တော့်မှာ ပူတင်လည်း ရှိတယ်ဗျာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပူတင်က ပေါင်းရတာအလွယ်ဆုံးပဲ။ ဘယ်သူပြောလို့ရမလဲ”ဟု ထရမ့်က ပြောကြားသည်။ 

“ဘယ်လိုတွေဖြစ်မလဲဆိုတာကို တွေ့ရမှာပါ”ဟု ထရမ့်က ဟယ်ဆင်ကီမြို့တွင်ပြုလုပ်သော ပူတင်နှင့် ဆွေးနွေးပွဲမတိုင်ခင် ပြောကြားခဲ့သည်။ 

ပူတင်ဟာ မိတ်ဆွေလား၊ ရန်သူလားဟု ထရမ့်ကိုမေးကြသည့်အခါ “ယခုတော့ မပြောနိုင်သေးပါဘူး။ ကျွန်တော် စဉ်းစားမိသလောက်က ပြိုင်ဘက်တစ်ယောက်ပါ”ဟု ပြောကြားသည်။ 

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ဒေါ်နယ်ထရမ့်သည် စစ်အေးခေတ်ရန်သူ ရုရှားနှင့် ကောင်းမွန်သောဆက်ဆံရေး တည်ထောင်လိုသည်ဟု ပြောကြားခဲ့သည်။ 

ယူကရိန်းအရေး၊ ဆီးရီးယားအရေးတို့နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားတို့အကြား တင်းမာလျက်ရှိသည်။ 

ထရမ့်၏ မဲဆွယ်ရွေးကောက်ပွဲနောက်တွင် ရုရှားက ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု စွပ်စွဲခံခဲ့ရဖူးသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သော နိုင်ငံခြားရေးမူဝါဒများထဲမှ ဖောက်ထွက်သောမူဝါဒများကို ဆက်တိုက်ကျင့်သုံးလျက်ရှိသည်။  

F-02



FOLLOW US