News

POST TAGGED AS

အမေရိကန်

အမေရိကန် လူ့အခွင့်အရေး လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရဘက်ကရပ်တည်၍ ဝေဖန်ခံနေရ

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၃

မြန်မာ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်က အရေးယူပိတ်ဆို့မှုများ ဖြစ်လာအောင် ဦးဆောင်ဆော်ဩခဲ့သူ ဆီးနိတ် ရီပတ်ဘလစ်ကန် ဝါရင့် အမတ်ခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်သည် လူ့အခွင့်အရေးကိစ္စကြောင့် ကမ္ဘာ့မျက်နှာစာတွင် နာမည်ပျက်နေသောမြန်မာကို အရေးယူပိတ်ဆို့မည့်ကိစ္စအား လွှတ်တော်တွင် ကန့်ကွက်သဖြင့် ၎င်းကို ဝိုင်းဝန်းဝေဖန်မှုများရှိနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားသည်။

မက်ကော်နယ်သည် ၂၀၁၆ ခုနှစ်တွင် ရပ်ဆိုင်းပေးခဲ့သော စစ်ဗိုလ်ချုပ်ကြီးများနှင့် မြန်မာ့စီးပွားရေးကို ဦးတည်ပစ်မှတ်ထားသော စီးပွားရေးပိတ်ဆို့မှုကို ဦးဆောင်ခဲ့သူဖြစ်သည်။

မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံသော အဆိုပါအမတ်သည် လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုခဲ့သကဲ့သို့ ဖြစ်နေသဖြင့် ဝေဖန်ခံနေရခြင်းဖြစ်သည်။

ရိုဟင်ဂျာအရေး ပြဿနာနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှုများ ရှိနေချိန်တွင် ၎င်းကဆက်လက်၍ အဆိုပါ မြန်မာ့ခေါင်းဆောင်ဘက်မှ ဆက်လက် ရပ်တည်နေခဲ့သည်။

“ဆီနိတ်တာ မက်ကော်နယ်ရဲ့သမိုင်းမှာ ဒီအရေးကိစ္စရဲ့ အရေးကြီးမှုကိုတုံ့ပြန်ခဲ့ပုံက အံ့ဩစရာ ဖြစ်ခဲ့ပါတယ်”ဟု အမည်မဖော်လိုသော ကွန်ဂရက်လွှတ်တော် ဝန်ထမ်းတစ်ဦးကဆိုသည်။

ဆီနိတ်တာ မက်ကိန်းနှင့် ဒီမိုကရက်တစ်အမတ် ဘန်ဂျမင်ကာဒင်တို့က ဦးဆောင်ကာ မြန်မာ့စစ်ဗိုလ်ချုပ်ကြီးများအား ဦးတည်သော စီးပွားရေးပိတ်ဆို့မှုနှင့် ခရီးသွား ကန့်သတ်မှုတို့ကို လွှတ်တော်တွင် တောင်းဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အောက်လွှတ်တော်တွင် အဆိုပါအဆိုကို ဝိုင်းဝန်းထောက်ခံခဲ့ကြသော်လည်း ၎င်းက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“ဒီလိုကိစ္စမျိုးကို တစ်ခါမှ အငြင်းမပွားခဲ့ရဖူးပါဘူး။ အမေရိကန်ဆီးနိတ်မှာ အမည်းစက်ဖြစ်ခဲ့ရပါတယ်”ဟု အော်ရီဂွန်ပြည်နယ် ဒီမိုကရက်တစ်အမတ် ဂျက်ဖ်မာကီလီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ပြဿနာများကြောင့် စိတ်ညစ်ရပါကြောင်း၊ သို့သော် ပိတ်ဆို့အရေးယူမှုတစ်ခုခု ပြုလုပ်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ထိခိုက်စေမည်ဖြစ်ကာ စစ်တပ်နှင့် ဆက်ဆံရေးကို စီမံဦးဆောင်နေရခြင်းအား ထိခိုက်စေမည်ဟု မက်ကော်နယ်ကဆိုသည်။

F-02 



FOLLOW US