POST TAGGED AS

အမေရိကန်

28-Jun-2018

အမေရိကန်
ဝေါတားစ်သည် အိုင်ကျူနိမ့်သူဟုထရမ့် ဝေဖန်
ဝါရှင်တန်၊ ဇွန် ၂၇

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ပြောခွင့်ရ အမျိုးသမီးကို ထရမ့်ဆန့်ကျင်ရေးသမား စားသောက်ဆိုင်ပိုင်ရှင်က ဆိုင်တွင်းမှ နှင်ထုတ်မှုဖြစ်ပွားခဲ့အပြီးတွင် ထရမ့်သည် ဒီမိုကရက်များနှင့် စကားလုံး စစ်ပွဲဖြစ်ပွားနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဇွန်လ ၂၃ ရက်နေ့တွင် ပြုလုပ်သော စုဝေးပွဲတစ်ခုတွင် ဒီမိုကရက်လွှတ်တော်အမတ် မက်စ်ဆင်ဝေါတားစ်က ထရမ့်အစိုးရ တာဝန်ရှိသူများကို မတူမတန်သလို ခွဲခြားဆက်ဆံကြရန် ထောက်ခံသူများကို လှုံ့ဆော်ခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့တွင် ထရမ့်က သူ့ထုံးစံအတိုင်း တွစ်တာလူမှုကွန်ရက်မှနေ၍ “မင်းတောင်းတဲ့ ဆုအတွက် သတိသာထားနေတော့ မက်စ်ရေ”ဟု သတိပေးခဲ့သည်။

ထရမ့်က ဝေါတားစ်သည် အိုင်ကျူနိမ့်သူဖြစ်ပြီး ထောက်ခံသူများထိခိုက်အောင် လှုံ့ဆော်သူဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ 

ဇွန်လ ၂၂ ရက်နေ့ညပိုင်းတွင် အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆန်းဒါးစ်ကို Red Hen စားသောက်ဆိုင်ပိုင်ရှင်က ဆိုင်ထဲက နှင်ထုတ်ရာမှ ပြဿနာတက်ခဲ့ခြင်းဖြစ်သည်။ 

“ကျုပ်မှာလည်း စီးပွားရေးနဲ့ပဲ၊ လူဝင်များတာ လိုချင်တာပေါ့။ အခု ကျွန်မတို့ ဒီမိုကရေစီမှာ ပြည်သူတွေကသူတို့ရဲ့ ကိုယ်ကျင့်သီလကိုထိန်းသိမ်းဖို့ စိတ်မသက်သာစရာဆောင်ရွက်ချက်တွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ အခိုက်အတန့်ပါ”ဟု ဆိုင်ရှင် စတက်ဖနီဝီလ်ကင်ဆင်က ပြောကြားသည်။

ယင်းနောက် ၂၃ ရက်တွင် ဝေါတားစ်က အခြားသူများလည်း ဝီလ်ကင်ဆင်နည်းတူ ထရမ့်အစိုးရတာဝန်ရှိသူများအပေါ် ဆက်ဆံကြရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။

“စားသောက်ဆိုင်တစ်ဆိုင်မှာ၊ ကုန်စုံဆိုင်တစ်ခုမှာ၊ ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ အစိုးရအဖွဲ့က တစ်ယောက်ယောက်ကိုတွေ့ရင် ရှင် ဦးဆောင်ပြီး လူအုပ်ကိုဖန်တီး၊ သူတို့ကို နှင်ထုတ်ကြပါ”ဟု ဝေါတားစ်က တောင်းဆိုခဲ့သည်။

“သူတို့ကိုမကြိုဆိုဘူး၊ ဘယ်နေရာမှာမှ ကြိုဆိုတော့မှာမဟုတ်ဘူးဆိုတာ ပြောပြပေးကြပါ”ဟု ကာလီဖိုးနီးယား ပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ် ဝေါတားစ်က ပြောကြားသည်။ 

ဒီမိုကရက် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ နန်စီပယ်လိုစီကမူ ဝေါတားစ်ကိုရော ထရမ့်ကိုပါ ယင်းသို့မလုပ်သင့်ဟု တုံ့ပြန်ခဲ့သည်။ 

F-03
 



FOLLOW US