News

POST TAGGED AS

အမေရိကန်

11-Sep-2016

အမေရိကန်
9/11 နှစ်ပတ်လည်နေ့ အမှတ်တရအဖြစ် ဈေးလျှော့ရောင်းမည်ဟု ကြော်ငြာသည့် မွေ့ရာကုမ္ပဏီ အပြင်းအထန် ဝေဖန်ခံရပြီးနောက် ပြန်တောင်းပန်
စက်တင်ဘာ၊ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့ဟာ လူအများ စိတ်အေး၊ လက်အေး အနားယူတဲ့ အားလပ်ရက် တစ်ရက် မဟုတ်ပါဘူး။ ဝမ်းနည်းကြေကွဲရတဲ့ အထိမ်းအမှတ်နေ့ တစ်နေ့ ဖြစ်ပါတယ်။

ဒါကြောင့် ခရစ္စမတ် ပိတ်ရက်လိုမျိုး 9/11 နှစ်ပတ်လည်နေ့ကို အကြောင်းပြုပြီး ဘယ်စီးပွားရေး လုပ်ငန်းရှင်ကမှ သူတို့ရဲ့ လုပ်ငန်းကို ကြော်ငြာတာ၊ အထူးလျှော့ဈေး ပေးတာမျိုးတွေ မလုပ်ကြပါဘူး။

ဒါဟာ ဥပဒေအရ တားမြစ်ထားတာ မဟုတ်ဘဲ လူကျင့်ဝတ်အရ၊ ယဉ်ကျေးမှုအရ ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာကြတဲ့ စည်းမျဉ်းတစ်ခုပါ။

ဒါပေမဲ့ ဒီနှစ်မှာ ကျရောက်တဲ့ 9/11 ၁၅ နှစ်ပြည့်မှာတော့ အမေရိကန်မွေ့ရာ ကုမ္ပဏီတစ်ခုဟာ ဒီကျင့်ဝတ်၊ ဒီစည်းမျဉ်းကို မေ့လျော့ သွားသလား၊ တမင်ပဲ မေ့လျော့ချင်ယောင် ဆောင်ခဲ့လေသလား မသိပါဘူး။ 9/11 နှစ်ပတ်လည်နေ့ကို အသုံးချပြီး သူတို့ရဲ့ မွေ့ရာတွေကို အရောင်း မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

Miracle Mattress လို့ အမည်ရတဲ့ မွေ့ရာ ကုမ္ပဏီဟာ 9/11 နှစ်ပတ်လည်နေ့အတွက် အထူး တီဗွီကြော်ငြာ တစ်ခု ရိုက်ကူးကာ သူတို့ရဲ့မွေ့ရာတွေကို အရောင်း မြှင့်တင်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ သူတို့ရဲ့ ကြော်ငြာကို အမေရိကန် ပြည်သူ အများအပြားအပြင် မီဒီယာကြီးတွေကပါ ဝိုင်းဝန်း ဝေဖန်ရှုံ့ချခဲ့ကြပါတယ်။

ဒါကြောင့်ပဲ အဲဒီမွေ့ရာ လုပ်ငန်းရဲ့ ပိုင်ရှင်က အခုအခါမှာ သူတို့ရဲ့ ကြော်ငြာအတွက် လူသိရှင်ကြား ပြန်လည် တောင်းပန်ခဲ့ပြီး သူတို့ရဲ့ ကြော်ငြာက 9/11 မှာ အသက် ပေးသွားခဲ့ရသူတွေနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို စော်ကားရာ ရောက်ခဲ့ကြောင်း ဝန်ခံပြောကြား သွားခဲ့ရပါတယ်။

Ref : CNN



FOLLOW US