News

POST TAGGED AS

အမေရိကန်

ရုရှားနိုင်ငံမှ ဂျက်တိုက်လေယာဉ်များနှင့် ဒုံးကျည်များဝယ်ယူခဲ့ခြင်းနှင့် ပတ်သက်၍ တရုတ်စစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုများကို ပြန်လည်ရုပ်သိမ်းပေးရန် ဘေဂျင်းအစိုးရက ဝါရှင်တန်ကို တောင်းဆိုလိုက်ပြီး အကယ်၍ ရုပ်သိမ်းပေးခြင်းမရှိပါက နောက်ဆက်တွဲ အကျိုးဆက်ကို ကြံ့ကြံ့ခံရင်ဆိုင်ရမည်ဖြစ်သည်ဟု သတိပေးလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပစ်သတ်မည်ဟု ခြိမ်းခြောက်သည့် အမျိုးသားကို အိုဟိုင်းယိုးပြည်နယ်တွင် ဖမ်းမိခဲ့ကြောင်း တာဝန်ရှိသူများက CNN သို့ ပြောကြားသည်။
အစိုးရအား ဖြုတ်ချရန် ကြိုးစားမှုဖြင့် ဗီယက်နမ်နွယ်ဖွား အမေရိကန်နှစ်ဦးကို ဟိုချီမင်းတရားရုံးကဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် ၁၄ နှစ်စီချမှတ် လိုက်သည်ဟု တရားရုံးတာဝန်ရှိသူက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သော ကိုရီးယားနှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲ၌ ပြုံယမ်း ကွန်မြူနစ်အစိုးရခေါင်းဆောင် ကင်ဂျုံအန်း၏ ကတိကဝတ်ပြုပြောဆိုမှုများကို အမေရိကန်ပြည်ထောင်စုအနေနှင့် အထူးပင်ကြိုဆိုလိုက်ပြီး နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးအတွက် မြောက်ကိုရီးယားနှင့် စေ့စပ်ညှိနှိုင်းမှုများကို အရေးတကြီးပြုလုပ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ဖော်ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စုနှင့် လတ်တလောဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် ခံစစ်ဟူသည့် အခန်းကဏ္ဍတစ်ခုတည်းဘက်က ပါဝင်နေမည်မဟုတ်ကြောင်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက သတိပေးရေးသားလိုက်သည်။
ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိသည့် တရုတ်နိုင်ငံ ထုတ်ကုန်စည်များအပေါ် ယခုလကုန်မှစ၍ ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံမည်ဟု သမ္မတထရမ့် အုပ်ချုပ်ရေးအဖွဲ့ (အမေရိကန်အစိုးရ) က တနင်္လာနေ့တွင်ကြေညာလိုက်ပြီးနောက် ဂျပန်အစိုးရစီးပွားရေး မူဝါဒရေးဆွဲသူများက အရှိန်မြင့်လာသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲအတွက် ဖြေရှင်းချက်တစ်ရပ်ကို အဆောတလျင်ထုတ်ဖော်ကြရန် တိုက်တွန်းလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြထားသည်။
တရုတ်သွင်းကုန်များအပေါ် နောက်ထပ် အကောက်ခွန်စည်းကြပ်မှုများ ဆက်လက်လုပ်ဆောင်သွားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားထားကြောင်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။
13-Sep-2018 tagged as အမေရိကန်
နိုင်းအလဲဗင်းန် ၉/၁၁ ဖြစ်ရပ် နှစ်ပတ်လည်နေ့တွင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်ကလေယာဉ်အပိုင်စီးသူများကို ပြန်လည်တိုက်ခိုက်ခဲ့သည့် သူရဲကောင်းများကို သမ္မတထရမ့်က အလေးပြုလိုက်ပြီး အမေရိကလုံခြုံရေးအတွက် ဘယ်အရာကိုမဆို လုပ်ဆောင်မည်ဟုကတိပြုလိုက်ကြောင်း AFP သတင်းက ဖော်ပြသည်။
အနောက်ကမ္ဘာနှင့် ဆက်ဆံရေးကျဆင်းလာချိန်တွင် အိမ်နီးချင်း ရုရှားနှင့် တရုတ်တို့သည် ကုန်သွယ်ရေးသဘောတူညီချက်များ၌ ၎င်းတို့ကိုယ်ပိုင်ငွေကြေးများသုံးစွဲရန် စီစဉ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတင်းထောက်များကို ပြောကြားခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ထံပေးပို့သောစာထဲတွင် စင်ကာပူတွင် ကျင်းပခဲ့သော သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲနောက်ပိုင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံလိုကြောင်းဖော်ပြထားသည်ဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်ဟု Channel News Asia သတင်းဌာနက ဖော်ပြသည်။