News

POST TAGGED AS

အမေရိကန်

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းပြောဆိုမှုသည် ခွေးတစ်ကောင်၏ ဟောင်သံပင် ဖြစ်သည်ဟု မြောက်ကိုရီးယား ထိပ်တန်းသံတမန်တစ်ဦးက ဝေဖန်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်ကို ခိုးဝင်နေတဲ့လူတွေကို ပြန်လက်ခံဖို့နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးတာကို လက်ခံစေဖို့ပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလူတွေကို ပြန်လက်ခံရင် ဘင်္ဂလားဒေ့ရှ်ကလူတွေ မြန်မာပြည်ကို ထပ်ပြီးခိုးဝင်ကြမလားဆိုတဲ့ စိုးရိမ်စိတ်ဟာ တာဝန်ရှိသူတွေ အပါအဝင် တစ်နိုင်ငံလုံးမှာ ရှိနေပါတယ်။
အကယ်၍ အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများကို အန္တရာယ်ပေး ခြိမ်းခြောက်လာမည် ဆိုပါက လူဦးရေ ၂၆ သန်းရှိသော မြောက်ကိုရီးယားနိုင်ငံကို လုံးလုံးလျားလျား ဖျက်ဆီးချေမှုန်းပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေး ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာက မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မွတ်ဆလင်များအကြောင်းကို တနင်္လာနေ့က သမ္မတထရမ့်အား ပြောပြခဲ့သော်လည်း မည်သို့မျှ မခံစားရကြောင်း ရှင်းရှင်းလင်းလင်း ပြသသွားသည့် ထရမ့်ထံမှ အကူအညီကို မမျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံသို့ အမေရိကန် ပြည်ထောင်စုက ဖျက်အားပြင်းလက်နက်များ ပေးပို့ထောက်ပံ့နေခြင်းသည် ယူကရိန်း အရှေ့ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို အထောက်အပံ့ ဖြစ်စေမည်မဟုတ်ဟု ရုရှားအစိုးရက ဝေဖန်ပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
19-Sep-2017 tagged as အမေရိကန်
ကမ္ဘာပေါ်တွင် နျူကလီးယား စစ်မက်ကြီး ဖြစ်လုဆဲဆဲအချိန်တွင် မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ခဲ့သူ ယခင်ဆိုဗီယက်ပြည်ထောင်စု၏ စစ်ဘက်အရာရှိ စတာနီဆလပ်ဗ်ပီထရော့ဗ်သည် အသက် ၇၇ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
19-Sep-2017 tagged as အမေရိကန်
အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်သား တစ်ဦးဟာ ချစ်သူကို လက်ထပ်ခွင့်တောင်းစဉ်မှာပဲ ရေထဲကို ဒိုင်ဗင်ထိုးချပြီး ရေကူးလိုက်ရတဲ့ဖြစ်စဉ် ကြုံသွားခဲ့ပါတယ်
ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂက ပြင်းထန်သော ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားကြောင်း ဈေးကွက်သတင်းအချက်အလက်များကို Reuters သတင်းဌာနက လေ့လာဆန်းစစ်ကာ ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံ၏ နျူကလီးယား ခြိမ်းခြောက်မှုများ ပိုမိုကြီးမားလာသည့်အတွက် ကိုရီးယားကျွန်းဆွယ်ဒေသတွင် ယင်းနိုင်ငံကို ဆန့်ကျင်ကန့်ကွက်သည့် သဘောဖြင့် ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုကြီးများလည်း များပြားလာကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပြီးတွင် ထရမ့် အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များအကြား ကင်ဂျုံအန်း၏ နျူကလီးယားထိပ်ဖူးများနှင့် ပဲ့ထိန်းဒုံးကျည်များကို ဟန့်တားရန် စစ်ရေးအင်အားကို မည်သို့မည်ပုံ အသုံးပြုရမည်ဆိုသည့် ကိစ္စမှာ ပြန်လည်ဆွေးနွေးစရာ ဖြစ်လာခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။