News

POST TAGGED AS

အနောက်ပိုင်း

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ဆရာများသမဂ္ဂ ဖွဲ့စည်း
ရန်ကုန်၊ ဇွန် ၂၁

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂရွေးကောက်ပွဲကို ဇွန်လ ၂၁ ရက်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမ ၂၀၀ နီးပါး မဲပေးခဲ့ကြကြောင်း ယင်းတက္ကသိုလ်ထံမှသိရသည်။ 

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းကို ၂၀၁၂ ခုနှစ်တွင် ဆရာ၊ ဆရာမများစုစည်းကာ အသင်းမှတ်ပုံတင်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် သမဂ္ဂအဖြစ်ရွေးကောက်ခံခြင်းဖြစ်သည်။

ယင်းတက္ကသိုလ် မြန်မာစာဌာနကထိက ဒေါက်တာမိုးအောင်က “အမျိုးသားပညာရေးဥပဒေအရ အသင်းဆိုတဲ့ စကားလုံးအစား သမဂ္ဂဖွဲ့မယ်ဆိုပြီး အများရှေ့မှာ ပွင့်လင်းမြင်သာမှုရှိအောင် ရွေးကောက်ခံတာပါ”ဟု ပြောကြားသည်။

ရွေးကောက်ပွဲကို ဇွန်လ ၂၁ ရက် နံနက် ၁၀ မှ မွန်းလွဲ ၁နာရီထိ ပြုလုပ်ခြင်းဖြစ်ပြီး ရန်ကုန်အနောက် ပိုင်းတက္ကသိုလ်တွင် ဆရာ၊ ဆရာမ ၃၈၀ ကျော်ရှိသည့်အနက် ၁၉၂ ဦး ဝင်ရောက်မဲပေးခြင်းဖြစ်သည်။

အဆိုပါရွေးကောက်ပွဲပြုလုပ်ရန် တက္ကသိုလ်ပါမောက္ခချုပ်ထံအသိပေးပြီးဖြစ်ကြောင်း ယင်းသမဂ္ဂထံမှသိရသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၁၃၄ ကျောင်းတွင် ဆရာသမဂ္ဂပေါင်း ၅၃ ခုဖွဲ့စည်းပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှသိရသည်။

J-19



FOLLOW US