News

POST TAGGED AS

အဆောက်အအုံ

ရန်ကုန်မြို့တော်တွင် အထပ် ၂၉ ထပ် ကုန်သွယ်မှုစင်တာ တည်ဆောက်မည်
နေပြည်တော်၊ ဇန်နဝါရီ ၂

ရန်ကုန်မြို့တော်တွင် အထပ် ၂၉ ထပ်ပါရှိသည့် Myanmar International Business Center ကို စက်မှုဝန်ကြီးဌာန ရုံးဟောင်းများနေရာတွင် တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားသည်။

အသစ်တည်ဆောက်မည့် TMIBC တွင် နိုင်ငံခြားကုမ္ပဏီများ၏ အရောင်းပြခန်းများ၊ စက်မှုဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများ၏ ထုတ်ကုန်ပြခန်းများ နိုင်ငံတကာ အစည်းအဝေးများ လက်ခံကျင်းပနိုင်သည့် ညီလာခံခန်းမများ၊ ပြည်တွင်းထုတ်ကုန်များ ပြသမည့်ပြခန်းများ ပါဝင်မည်ဖြစ်ပြီး အဆောက်အအုံ တည်ဆောက်ရန်အတွက် ကုမ္ပဏီများကို တင်ဒါခေါ်ယူ၍ ရွေးချယ်ထားကြောင်း၊ အဆောက်အအုံဒီဇိုင်းနှင့် ဆောက်လုပ်ခွင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးကော်မတီသို့  ခွင့်ပြုချက်တောင်းခံထားကြောင်း  ဦးကိုကိုလွင်က ဆိုသည်။ 

“ဒီအဆောက်အအုံကြီးကို လာမယ့် ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မှာပါ။ စက်မှုဝန်ကြီးဌာန ဘတ်ဂျက်နဲ့ တည်ဆောက်မှာ မဟုတ်ပါဘူး၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် မြန်မာ့ကုန်သွယ်မြှင့်တင်ရေးအဖွဲ့က ကုန်သွယ်ဗဟိုဌာနကို ရန်ကုန်မြို့ရှိ စီးပွားကူသန်းဝန်ကြီးရုံးဟောင်းတွင် ဖွင့်လှစ်ထားပြီး ၎င်းဗဟိုဌာနတွင် ထွက်ကုန်ဆိုင်ရာ ပြခန်းများ၊ အီးယူသို့ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ပြည်တွင်းကုန်သည်များကို ပေးသည့်ဌာနများ ဖွင့်ထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောကြားသည်။

T.L



FOLLOW US