News

POST TAGGED AS

အဆောက်အအုံ

အင်းဝပြတိုက် ဗိသုကာလက်ရာများ ထပ်တိုးပြသမည်
မန္တလေး၊ အောက်တိုဘာ ၂၉

တံတားဦးမြို့ အင်းဝရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ အင်းဝပြတိုက်ကို ကျပ်သိန်း ၃၀ဝ ခန့် အကုန်အကျခံ၍ အဆင့်မြှင့်တင်ပြုပြင်လျက်ရှိရာ ပြင်ဆင်ပြီးပါက ဗိသုကာလက်ရာများ အပါအဝင် ရှေးဟောင်းပစ္စည်း အမျိုးအစား တစ်ရာခန့် ထပ်တိုးပြသမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) အင်းဝ ပင်းယဌာနစုထံမှ သိရသည်။

လက်ရှိတွင် ခေတ်အဆက်ဆက်မှ ပစ္စည်း အမျိုးပေါင်း ၂၆၆ မျိုး ပြသထားသည်ဟု အင်းဝ ပင်းယဌာနစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အင်းဝရှေးဟောင်းပြတိုက်ကို စက်တင်ဘာလအတွင်းကစ၍ အဆင့်မြှင့်တင် ခင်းကျင်းခြင်း၊ သန့်စင်ခန်း ပြုပြင်ခြင်း၊ မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်းများ လုပ်ဆောင်နေပြီး လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း၊ အဆင့်မြှင့်တင် ခင်းကျင်းခြင်း လုပ်ငန်းတွင် ပုဂံခေတ်၊ ပင်းယ၊ ညောင်ရမ်း၊ အင်းဝခေတ်တို့မှ ကျောက်စာ ၁၂ ချပ်ကို ကူးယူပြသခြင်း၊ အင်းဝအတွင်းရှိ ဗိသုကာလက်ရာ ကောင်းသည့် ရှေးဟောင်း အဆောက်အအုံများ၏ ဓာတ်ပုံများ၊ အမရပူရခေတ် ပလ္လင်ကို အင်္ဂါစုံအောင် ပြုပြင်ပြသခြင်း၊ အင်းဝမြို့ဟောင်း ပုံစံငယ် ပြသခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်းလည်း အင်းဝ ပင်းယဌာနစု၏ လုပ်ငန်းစီမံချက်အရ သိရသည်။

M-05



FOLLOW US