News

POST TAGGED AS

အူရီဒူး

22-May-2018

အူရီဒူး
မြန်မာနိုင်ငံရဲ့ ESports ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အူရီဒူးမြန်မာက HOG ESports Center နှင့်ပူးပေါင်းဆောင်ရွက်

ကမ္ဘာ့နိုင်ငံအများစုမှာ အခိုင်အမာ ရပ်တည်နေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တစ်စတစ်စအရှိန်ရလာနေပြီဖြစ်တဲ့ ESports ကဏ္ဍမှာ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့်ထိ ထိုးဖောက်နိုင်ဖို့အတွက် ရည်ရွယ်ကာ အူရီဒူးမြန်မာက HOG Esports Center နဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးဆုံး နိုင်ငံတကာအဆင့် Gaming Center ဖြစ်တဲ့ HOG ESports Center ဟာဆိုရင် တစ်ဦးချင်းပြိုင်ပွဲတွေ၊ အဖွဲ့လိုက်ပြိုင်ပွဲတွေနဲ့ ပွဲတော်တွေ စတဲ့အစီအစဉ်တွေနဲ့ မြန်မာ့ ESport ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေပြီး အပြည်ပြည်ဆိုင်ရာ ESport ပြိုင်ပွဲတွေ ကျင်းပနိုင်တဲ့အထိ နေရာနဲ့ လိုအပ်တဲ့ဝန်ဆောင်မှုတွေ အားလုံး အပြည့်အစုံ ရှိတဲ့နေရာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာ လူငယ်မျိုးဆက်သစ်တွေရဲ့ အိပ်မက်တွေကို တစ်ဖက်တစ်လမ်းကနေ အကောင်အထည်ဖော်ပေးဖို့ ကြိုးစားနေတဲ့ အူရီဒူးမြန်မာက HOG ESports Center နဲ့အတူ မြန်မာနိုင်ငံရဲ့ ESports ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးကူညီမှုတွေ ပေးအပ်သွားမှာပါ။

အဲဒီလို ပူးပေါင်းကူညီတဲ့နေရာမှာ အူရီဒူးက HOG ရဲ့လိုအပ်ချက်အပေါ် မူတည်ပြီး စီစဉ်ပေးထားတဲ့ Bandwidth သုံးလုပ်ဆောင်ချက်နဲ့ Dedicated Fiber Internet တို့ကို အထူးနှုန်းထားနဲ့ ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ ဂိမ်းဝါသနာရှင်တွေအနေနဲ့ ၎င်းရဲ့ကွန်ယက်ပံ့ပိုးမှုနဲ့ အကောင်းဆုံး သုံးစွဲသူအတွေ့အကြုံတွေ ရရှိစေလိုတဲ့အတွက် အဲဒီလို ဝန်ဆောင်မှုတွေကို ပေးအပ်တာပါ။

ဒါ့အပြင် အူရီဒူး ထုတ်ကုန်တွေနဲ့ သုံးစွဲသူဝန်ဆောင်မှုတွေကို အလွယ်တကူ ရရှိနိုင်စေဖို့အတွက် HOG ESports Center မှာ အူရီဒူးဆိုင်ခန်းတစ်ခန်းကိုလည်း ဖွင့်လှစ်ထားရှိထားပါတယ်။

၁၉၇၂ ခုနှစ်က အမေရိကန်ပြည်ထောင်စု စတန်းဖို့ဒ်တက္ကသိုလ်ကနေ စတင်ခဲ့တဲ့ ESports ကဏ္ဍဟာ အခုအခါမှာ ကမ္ဘာတဝှမ်းမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ ယခု အူရီဒူးမြန်မာနဲ့ HOG ESports Center တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် မြန်မာလူငယ်တွေလည်း မကြာမီအချိန်အတွင်း အဲဒီလိုဖွံ့ဖြိုးနေတဲ့ ESports ကဏ္ဍမှာ ကမ္ဘာ့အဆင့်ထိ ထိုးဖောက်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါကြောင့် အားလုံးစောင့်မျှော်နေကြတဲ့ Ooredoo Myanmar မှ အဓိက ပံ့ပိုးကူညီပေးတဲ့ HOG Masters Dota 2 ပြိုင်ပွဲကိုမေလ၂၈ ရက်နေ့အထိ နောက်ဆုံးထား လက်ခံပေးမှာဖြစ်လို့ အောက်ပါလင့်ကနေ အသေးစိတ်လေ့လာနိုင်ပါတယ်ဗျာ။




FOLLOW US