News

POST TAGGED AS

အူရီဒူး

22-May-2018

အူရီဒူး
အွန်လိုင်း ဗီဒီယိုခေတ်မှာ ဗီဒီယိုတွေကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ကြည့်နိုင်ဖို့

ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ်၊ ဗဟုသုတနဲ့ သတင်းအချက်အလက်အတွက်ပဲဖြစ်ဖြစ် ဗီဒီယိုတွေကို တီဗီမှာပဲ စောင့်ကြည့်ရတဲ့ခေတ်က ကျန်ခဲ့ပါပြီ။

အခုဆိုရင် သတင်းဌာနကြီးတွေ၊ အနုပညာရှင်တွေ၊ ပညာရှင်တွေကသူတို့ရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာတွေ၊ YouTube Channel တွေကနေ Live ဗီဒီိယိုတွေ၊ ဗီဒီယိုတွေကိုယ်တိုင် ထုတ်လွှင့်တင်ဆက်နေပြီဖြစ်တာကြောင့် အွန်လိုင်းမှာပဲ ဗီဒီယိုကောင်းကောင်းတွေကို ကြည့်ရှုနိုင်နေပါပြီ။

ဒီလို ဖျော်ဖြေရေးနဲ့ ဗဟုသုတ၊ သတင်းအချက်အလက် ဗီဒီယိုတွေအပြင် ကိုယ့်ရဲ့သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေက ကိုယ်နဲ့အတူမရှိတဲ့အချိန် သူတို့ ရောက်နေတဲ့နေရာကနေ Live လွှင့်ရင်လည်း ကိုယ်ပါသူတို့နဲ့အတူ ရှိနေသလို ခံစားချက်ကို ရရှိနိုင်ပါသေးတယ်။

ဒါပေမဲ့ အွန်လိုင်းကနေ ဗီဒီယိုတွေကြည့်ရတာ ဒေတာကုန်ကျမှုများတာကြောင့် ဖုန်းဘေလ်ကုန်ကျစရိတ်လည်း များနိုင်ပါတယ်။ မိုဘိုင်းလ်အော်ပရေတာတွေရဲ့ Package တော်တော်များများက ကန့်သတ်ချက်တွေများတာကြောင့် ဗီဒီယိုတွေကို စိတ်လွတ်၊ ကိုယ်လွတ်ကြည့်ဖို့ ခက်ပါတယ်။

ဒီအတွက် အဆင်ပြေဆုံးနဲ့ အသက်သာဆုံးဖြစ်မယ့် အစီအစဉ်ကတော့ အူရီဒူးရဲ့ ဒေတာလိုက်ပွဲ အစီအစဉ်ပါပဲ။ ဒေတာလိုက်ပွဲ အစီအစဉ်ဟာဆိုရင် ကိုယ်ဝယ်ယူတဲ့ ဒေတာပမာဏအလိုက် ဒေတာ အပိုလက်ဆောင်တွေရရှိပြီး သုံးစွဲခွင့် သက်တမ်းကလည်း ရက်ပေါင်း ၃၀ ထိ ရရှိနိုင်တာကြောင့် သက်တမ်း အရှည်ဆုံး ဒေတာ အပိုလက်ဆောင်ရတဲ့ ဒေတာအစီအစဉ်ပဲ ဖြစ်ပါတယ်။

အူရီဒူးရဲ့ ဒေတာလိုက်ပွဲ အစီအစဉ်ဟာ ရရှိတဲ့ဒေတာတွေကို အင်တာနက် အသုံးပြုမှု အားလုံးအတွက် အသုံးပြုနိုင်တဲ့ အားသာချက်အပြင် အချိန်မရွေး သုံးစွဲခွင့်ရှိတဲ့ အားသာချက်လည်း ရှိတာကြောင့် အင်တာနက်ဒေတာ များများသုံးစွဲဖို့ လိုအပ်သူတွေ၊ သုံးစွဲလေ့ရှိသူတွေအတွက် အထူးသင့်လျော်တဲ့ ဒေတာအစီအစဉ်တစ်ခုပါ။

ဒေတာလိုက်ပွဲ အစီအစဉ်နဲ့ဆိုရင် 1MB ကိုမှ ၁ ကျပ်ခွဲဝန်းကျင်သာ ကျတာကြောင့် လက်ရှိ Internet Package တွေထဲမှာ အသက်သာဆုံးနှုန်းထားနဲ့ Package တစ်ခုပဲဖြစ်ပါတယ်။

ဒေတာလိုက်ပွဲ အစီအစဉ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ *140# ကိုနှိပ်ပြီး နှစ်သက်ရာ ဒေတာပမာဏကို ရွေးချယ်ဝယ်ယူရုံပါပဲ။



FOLLOW US