News

POST TAGGED AS

အူရီဒူး

22-May-2018

အူရီဒူး
အသက်သာဆုံး နှုန်းထားနဲ့ ဖုန်းပြောနိုင်မယ့်နည်းလမ်းကို ရှာဖွေခြင်း
 
ဆက်သွယ်ရေး နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတိုင်းနီးပါး ဖုန်းနဲ့ ပြောဆိုဆက်ဆံရတာတွေ များလာပါတယ်။ အလုပ်ကိစ္စအတွက်၊ မိသားစုရေးအတွက်၊ ဒါမှမဟုတ်ရင်လည်း ချစ်သူနဲ့ဆက်သွယ်ဖို့အတွက် မကြာခဏဆိုသလို ဖုန်းပြောနေကြရတာပါ။

ဒီလို ဖုန်းပြောရတာတွေ များလာတာနဲ့ ဖုန်းဘေလ် ကုန်ကျစရိတ်တွေလည်း များလာတာ အမှန်ပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ဖုန်းဘေလ်ကုန်ကျစရိတ်ကို လျှော့ချဖို့ဆိုရင် မိုဘိုင်းလ် အော်ပရေတာတွေက အခါအားလျော်စွာ ပေးနေတဲ့ ပရိုမိုးရှင်းတွေ၊ Package တွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အသက်သာဆုံးနှုန်းထားနဲ့ အစီအစဉ်တွေကို ရွေးချယ်သုံးစွဲ ဖို့လိုပါတယ်။

လက်တလောမှာ အသက်သာဆုံးနှုန်းထားနဲ့ ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်ကတော့ အူရီဒူးက သူ့ရဲ့သုံးစွဲသူတွေအတွက် စီစဉ်ပေးထားတဲ့ Red Talky Pack ပါပဲ။

Red Talky Pack နဲ့ ဖုန်းခေါ်ဆိုမယ်ဆိုရင် အူရီဒူး အချင်းချင်း ခေါ်ဆိုခ တစ်မိနစ်ကို ၆ ကျပ်အထိ သက်သာနိုင်တာကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အသက်သာဆုံး နှုန်းထားလို့ဆိုရမှာ ဖြစ်ပါတယ်။

Red Talky Pack ကို ကိုယ်တိုင်သုံးဖို့အပြင် ကိုယ်ချစ်ခင်ရတဲ့သူတွေကို လက်ဆောင်အဖြစ်ဝယ်ပြီး ပေးလို့လည်း ရပါသေးတယ်။

Red Talky Pack ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူလို့ရတာကြောင့် မိသားစုကိစ္စအတွက်ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအတွက်ပဲဖြစ်ဖြစ်၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဖုန်းများများပြောရတဲ့သူတွေအတွက် တကယ့်ကို ဖုန်းဘေလ် အကုန်အကျသက်သာစေမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

Red Talky Pack ကို ဝယ်ယူရမယ့်နည်းလမ်းကလည်း လွယ်ကူပါတယ်။ *150# ကိုခေါ်ဆိုပြီး ကိုယ့်လိုအပ်ချက်အလိုက် ရွေးချယ်ဝယ်ယူလိုက်ရုံပါပဲ။

ဒါကြောင့် ဖုန်းများများပြောရတဲ့ သူတွေအနေနဲ့ အခွင့်အရေးကောင်းကို လက်မလွတ်ရအောင် အူရီဒူးရဲ့ Red Talky Pack ကို မြန်မြန်သာ ရယူထားလိုက်ပါ။



FOLLOW US