News

POST TAGGED AS

အုပ်ချုပ်ရေး

တောင်ငူ၌ ဆယ်အိမ်စုမှူးရွေးချယ်မှု မမှန်ကန်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံတိုင်
တောင်ငူ၊ ဇန်နဝါရီ ၉

တောင်ငူမြို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်တွင် ကျင်းပသော အမှတ် ၂၁ ရပ်ကွက် ၂ လမ်းရှိ ဆယ်အိမ်စုမှူးရွေးချယ်ရာတွင် မှန်ကန်မှုမရှိဟုဆိုကာ ဒေသခံအချို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ တိုင်ကြားသည်။ 

“ဆယ်အိမ်စုရွေးရာတွင် အိမ်အတန်းကို စီချင်သလိုစီတယ်၊ ဆယ်အိမ်စုမှူးတွေထဲက ရာအိမ်မှူး ရှစ်ယောက်ကိုရွေးတယ်၊ ဒီအထဲက ၃ ယောက်မှာ ဥပဒေနဲ့မညီဘဲ ရွေးခဲ့တာကြောင့် တိုင်ကြားခဲ့တာပါ”ဟု ဦးဆောင်တိုင်ကြားခဲ့သူ ဦးရဲထွဋ်ဝင်းက ပြောသည်။

အမှတ် ၂၁ ရပ်ကွက်ရှိ ငါးဦးပါသော ကြီးကြပ်ရေးအဖွဲ့က ဆယ်အိမ်စုမှူးများကို ရွေးချယ်ရာတွင် စနစ်မကျသဖြင့် ပြည်သူလိုလားသူ ရွေးချယ်နိုင်ရေးအတွက် ပြန်လည်ကျင်းပပေးရန် ဇန်နဝါရီလ ၈ ရက်နေ့က တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်းထံ တိုင်ကြားခဲ့သည်။

တောင်ငူမြို့နယ် ရပ်ကွက်ကျေးရွာပေါင်း ၆၄ ခုမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ပြန်လည်ရွေးချယ်နေသော်လည်း အုပ်ချုပ်ရေးမှူးအများစုမှာ၂၀၁၅ ခုနှစ်ခန့်က ရွေးချယ်ခန့်အပ်ခံထားရသူများ ဖြစ်သည့်အတွက် ဥပဒေနှင့်မကိုက်ညီကြောင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးအချို့က ပြောကြားသည်။

“မြို့နယ်က ဒါကို မမှန်ကန်ပါဘူးလို့ ယူဆပြီး ပြန်ရွေးခိုင်းမယ်ဆိုရင်တော့ ပြန်ရွေးပေးပါမယ်၊ တိုင်ကြားထားတာကိုလည်း သိပါတယ်”ဟု ကြီးကြပ်ရေးအဖွဲ့မှ ဦးညိုသိန်းက ပြောကြားသည်။           




FOLLOW US