News

POST TAGGED AS

အီရန်

အီရန်နှင့် ချုပ်ဆိုထားသော ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ရန် ဖိအားကျရောက်လာနိုင်သော တီဟီရန်၏ လျှို့ဝှက်နျူကလီးယား အစီအစဉ် အထောက်အထားကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ထုတ်ဖော်လိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
အီရန်နျူကလီးယားစီမံကိန်းနှင့် ပတ်သက်၍ သဘောတူညီချက်သစ်တစ်ရပ် ရှိလာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်တို့က အရိပ်အမြွှက်ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အီရန်အပေါ် ဥရောပ၏ အရေးယူပိတ်ဆို့မှု အသစ်မှန်သမျှသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်အကြား ညှိနှိုင်းထားသော နျူကလီးယား သဘောတူညီမှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီးက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အီရန် နျူကလီးယားသဘောတူညီချက်ကို ပြန်လည်ပြင်ဆင် သို့မဟုတ် အမေရိကန်တစ်နိုင်ငံတည်း အရေးယူမှု ပြန်လည်ချမှတ်မည်ဟု သမ္မတဒေါ်နယ်ထရမ့်က ဥရောပပါဝါများကို ရာဇသံပေးလိုက်ပြီးနောက်တွင် ပိတ်ဆို့မှုသစ်များချမှတ်ရေး အဆိုပြုချက်ကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့ ထုတ်ပြန်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ယီမင်ပဋိပက္ခတွင် အီရန်ဒုံးကျည်များ အသုံးပြုနေမှုကိုတားဆီးရန် ပျက်ကွက်မှုကြောင့် အီရန်နိုင်ငံကို ဖိအားပေးမည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
အီရန်နိုင်ငံတွင် ယမန်နေ့က ပျက်ကျသွားသော ခရီးသည်တင်လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ၏ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများက ကယ်ဆယ်ရေး နှင့်ရှာဖွေရေးအဖွဲ့များထံမှ သတင်းကောင်းတစ်စုံတစ်ရာ ကြားသိနိုင်ရေးအတွက် ပူဆွေးဝမ်းနည်းစွာ ငိုကြွေးစောင့်ဆိုင်းလျက်ပင်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
20-Feb-2018 tagged as အီရန် အစ္စရေး
ဆီးရီးယားနယ်စပ်ဒေသ ထိတွေ့မှုများ ဖြစ်ပေါ်ပြီးနောက်တွင် အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ အီရန်၏ မဟာမိတ်များပေါ်တွင်သာမက အီရန်နိုင်ငံအပေါ်ပါ အရေးယူတုံ့ပြန်သွားနိုင်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အီရန်နိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူအားလုံး သေဆုံးသွားသည်ဟု ယင်းလေကြောင်း ကုမ္ပဏီမှ အရာရှိများက အတည်ပြု ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
12-Jan-2018 tagged as ဆန္ဒပြ အီရန်
အီရန်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း အကြမ်းဖျင်း လူ ၃၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း လွှတ်တော်အမတ်တစ်ဦးက ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း CNN သတင်းက ဖော်ပြသည်။
လွန်ခဲ့သည့် နှစ်ရက်ကျော်က ရှန်ဟိုင်းမြို့အရှေ့ဘက် တရုတ်ပင်လယ်ပြင်တွင် သင်္ဘောနှစ်စီး တိုက်မိမှုဖြစ်ပွားပြီးနောက် နာရီပေါင်း ၆၀ ခန့်အထိ လောင်စာဆီတင်သင်္ဘောမှာ မီးများ ဆက်လက်လောင်ကျွမ်းလျက် ရှိသလို လောင်စာများလည်း ပင်လယ်ပြင်ထဲသို့ ဖိတ်ကျလျက်ပင်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။