News

POST TAGGED AS

အီရန်

ခရစ္စမတ် အကြမ်းဖက်ရန် ကြံစည်သည့် သံသယရှိသူကို အမေရိကန် ဖမ်းဆီး

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃

ခရစ္စမတ်ကာလတွင် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့၌ အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သည်ဟု သံသယရှိသဖြင့် ကမ်းတက် တပ်သားဟောင်းတစ်ဦးကို အမေရိကန် FBI ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက်ရန် အကြံအစည်ကို FBI  ထောက်လှမ်းရေးအဖွဲ့မှ အယောင်ဆောင် အကြမ်းဖက်သမားများနှင့် အသက် ၂၅ နှစ်အရွယ် အာရွန်ဂျိန်းဆွန် ဆွေးနွေးခဲ့မှုကြောင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ဆန်ဖရန်စစ္စကိုမြို့ရှိ ခရီးသွားများလာရောက်ရန် Pier ၃၉ ဧရိယာကို ပစ်မှတ်ထားရန် ဂျိန်းဆွန် ကြံစည်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိခဲ့သေးသည်။

ထို့ပြင် သံသယရှိသူ၏နေအိမ်တွင်း ဝင်ရောက်စီးနင်းရာတွင် လက်နက်များ၊ သေတမ်းစာနှင့် တိုက်ခိုက်ကြောင့် ထုတ်ပြန်ထားသည့် စာရွက်တစ်ရွက်တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

အစွန်းရောက် ယုံကြည်ချက်များနှင့် အစ္စလာလမ္မစ်နိုင်ငံတော်ကို ထောက်ခံကြောင်း လူမှုမီဒီယာများတွင် ရေးသားလိုက်ပြီးနောက် ဂျိန်းဆွန်ကို ရဲတပ်ဖွဲ့က  သတိထားမိလာခြင်းဖြစ်သည်။

ဆန်ဖရန်စစ္စကို Pier ၃၉ ဧရိယာကို ယခင်ကတည်းက ရောက်ဖူးပြီး စားသောက်ဆိုင်များ၊ ဈေးဆိုင်များဖြင့် လူစည်ကားနေသဖြင့် ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ပိုက်လုံးဗုံး လုပ်နိုင်သည့် ပစ္စည်းများကို ထောက်လှမ်းထံမှ တောင်းယူခဲ့ကြောင်း စုံစမ်းရေးမှူးများက ပြောကြားသွားသည်။

သို့သော်လည်း ဒီဇင်ဘာ ၁၈ ရက်နေ့ အရောက်တွင် ယင်းကဲ့သို့ လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်း၊ ပြန်လည်စဉ်းစားပြီးပြီ ဖြစ်ကြောင်း ဂျိန်းဆွန်က ဟန်ဆောင်ထားသည့် ထောက်လှမ်းရေးကို ပြောကြားခဲ့သည်။

အမေရိကန် ကမ်းတက်တပ်ဖွဲ့ လူသစ်စုဆောင်းရေး အခြေခံသင်တန်းကို ဂျိန်းဆွန် တက်ရောက်ခဲ့သော်လည်း ပန်းနာရင်ကျပ်ရောဂါရှိခြင်း၊ အသေးစိတ်ကို ပြောကြားခြင်းမရှိသဖြင့် နောက်ပိုင်းတွင် ထုတ်ပယ်ခဲ့သည်။           

F-05



FOLLOW US