POST TAGGED AS

အီရန်

03-Dec-2017 tagged as အီရန်
လက်ဘနွန်နိုင်ငံသည် ဟစ်ဇ်ဘိုလာအုပ်စု၏ ပြန်ပေးဆွဲခြင်းခံထားရပြီး အီရန် ကျောထောက်နောက်ခံ အဆိုပါအုပ်စုကို လက်နက်ချအောင် လုပ်ဆောင်နိုင်မှသာ လွတ်မြောက်မှု ရရှိလိမ့်မည်ဖြစ်သည်ဟု ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ဒုံးပျံစမ်းသပ်ခြင်း၊ အကြမ်းဖက်ဝါဒနှင့် ဆိုက်ဘာစစ်ဆင်ရေးများကို ထောက်ပံ့ခြင်း စသည်တို့ကို အီရန် လုပ်ဆောင်ခြင်းကြောင့် အီရန်အပေါ် အရေးယူသည့် လုပ်ဆောင်ချက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်မည်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုက နျူကလီးယား လက်နက်ကိစ္စနှင့်ပတ်သက်၍ ဖိအားပေးမှုများ အဆက်မပြတ် ပြုလုပ်လျက်ရှိသော်လည်း အီရန်နိုင်ငံသည် စနေနေ့က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နိုင်ငံအနေနှင့် ဒုံးကျည်တပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းစဉ်များ မြှင့်တင်ရာတွင် မည်သည့်နိုင်ငံ၏ ခွင့်ပြုချက်ကိုမျှ ရယူမည်မဟုတ်ဟု အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်များကို ယမန်နေ့က ပယ်ချကာ အသိပေးပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။
16-Jun-2017 tagged as IS အီရန်
အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက် ဖြစ်သည်ဟု ဆွန်နီအစွန်းရောက်အဖွဲ့ IS က ကြေညာခဲ့ပြီးနောက် ဆော်ဒီအာရေဗျသည် အီရန်နိုင်ငံ အတွင်းရှိ စစ်သွေးကြွများကို ထောက်ပံ့နေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရိဖ်က ဇွန်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။
09-Jun-2017 tagged as IS အီရန်
တီဟီရန်တွင် လူ ၁၂ ဦး သေဆုံးသော တိုက်ခိုက်မှုကို ကျူးလွန်သူများမှာ IS အဖွဲ့သို့ ဝင်ရောက်ထားသူ အီရန်လူမျိုးများ ဖြစ်သည်ဟု အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
07-Jun-2017 tagged as အီရန်
အီရန်နိုင်ငံ၊ မြို့တော် တီဟီရန်ရှိ လွှတ်တော် အဆောက်အအုံနှင့် အယာတိုလာခိုမေနီ ဂူဗိမာန်တွင် လက်နက်ကိုင် လူအချို့က ဝင်ရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အီရန်သတင်းမီဒီယာများကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြသည်။
28-Aug-2016 tagged as isil အီရန်
အီရတ်နှင့် လီဗတ်အစ္စလာမ္မစ် နိုင်ငံတော် (ISIL- လီဗတ်ဆိုသည်မှာ မြေထဲပင်လယ်အရှေ့ပိုင်း ဒေသများကို ရည်ညွှန်းသည့် သမိုင်းဆိုင်ရာနာမည်) ခြိမ်းခြောက်မှုဆိုသည့် သတင်းများ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့ဒေသ အသီးသီးတွင် လွှမ်းမိုးလျက်ရှိကာ လုံခြုံရေး ကျွမ်းကျင်သူများ၏ အာရုံကို ဖမ်းစားလျက် ရှိသော်လည်း ယင်းမှာ တစ်ခုတည်းနှင့် အဆိုးရွားဆုံး ခြိမ်းခြောက်မှု မဟုတ်ပေ။