News

POST TAGGED AS

အိန္ဒိယ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဝက်နားရွက်ပြာရောဂါကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဝက်သားပေါက်များတင်ပို့မှု ယာယီပိတ်ထားကြောင်း မြန်မာနိုင်ငံအတွင်းရှိ ဝက်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
အိန္ဒိယနိုင်ငံ၏ အများပိုင်မီးရထား ဆက်သွယ်ရေးလုပ်ငန်းက အမြောက်မြားဆုံး အလုပ်ခေါ်ယူမှုကြီး ပြုလုပ်ခဲ့ရာ ဌာနသို့ အွန်လိုင်းမှတစ်ဆင့် အလုပ်လျှောက်ထားလာသူ စုစုပေါင်း ၂၈ သန်းအထိရှိခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
31-Mar-2018 tagged as ပညာရေး အိန္ဒိယ
ပညာရေးဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်း တစ်ခုတွင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိရမည့် နေရာတစ်နေရာဖြစ်ပါသည်။ ပညာရေးဆိုသည့် အဖွဲ့အစည်းများ ထူထောင်ထားသည့်နေရာ သို့မဟုတ် ကျောင်းများသည် ကျောင်းသားများကို ပညာပေးရသည့်နေရာ၊ အတွေ့အကြုံ ဗဟုသုတများကို ပေးရသည့်နေရာများလည်း ဖြစ်သည်။ လူ့ဘောင်ဘဝတွင် ရင်ဆိုင်ရမည့် အခက်အခဲများကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဖြေရှင်းပေးနိုင်ရန်အတွက် လေ့ကျင့်ပေးလိုက်ရမည့် နေရာတစ်နေရာလည်းဖြစ်သည်။ ကလေးများကို ပြုစုပျိုးထောင်ရာတွင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလဆိုသည့် ဗလငါးတန်ပြည့်စုံအောင် ဆရာများက တာဝန်ယူကြရမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံချေးငွေဖြင့် ဝယ်ယူထားသော ရထားစက်ခေါင်း ၁၈ ခေါင်းအနက် နှစ်ခေါင်းကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (စက်ခေါင်းဌာန) ဒုတိယအထွေထွေ မန်နေဂျာဦးမြင့်စိုးက ပြောကြားသည်။
အိန္ဒိယနိုင်ငံထုတ် ဒီဇယ်လျှပ်စစ် ရထားစက်ခေါင်း ၁၈ ခေါင်းအနက် နောက်ဆုံးအသုတ်အဖြစ် စက်ခေါင်း ခြောက်ခေါင်းကို အိန္ဒိယအစိုးရက မတ်လ ၁၉ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာ့မီးရထား (စက်ခေါင်းဌာန) ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်စိုးက ပြောကြားသည်။
အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်းသို့ သောင်းပေါင်းများစွာသော လယ်သမားများချီတက်လာခဲ့ကာ လယ်သမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တောင်းဆိုခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှ လယ်သမားများသည် ပြည်နယ်ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကြွေးမြီလျှော့ပေါ့ပေးမှု၊ စပါးဈေးနှင့် မြေပိုင်ဆိုင်ခွင့်ကိစ္စများနှင့် ပတ်သက်၍ ဆန္ဒပြမှုကို အဆုံးသတ်လိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း အိန္ဒိယက တည်ဆောက်ပေးမည့် တံတားစီမံကိန်းများနှင့် မလွတ်ကင်းသည့်အရာများကို ဖယ်ရှားရာတွင် ကုန်ကျမည့်စရိတ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများထံသို့ ပေးအပ်ခဲ့ကြောင်း တံတားအထူးအဖွဲ့ (၂) မှ လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်ဝင်းက ပြောကြားသည်။
အရှေ့အလယ်ပိုင်း ပြဿနာဟု ဆိုလိုက်သောကြောင့် နိုင်ငံရေး ပြဿနာဟု မယူဆစေလိုပါ။ နိုင်ငံများ၏ ပြဿနာမဟုတ်။ လူများ၏ လူမှုရေးပြဿနာ။ တစ်နည်းဆိုရလျှင် လူတို့၏ အရှေ့အလယ်ပိုင်းနေရာ ဗိုက်ပြဿနာ။ အမျိုးသမီးများ၏ ဗိုက်ပြဿနာ ဖြစ်ပါသည်။
ဘောလိဝုဒ် ဆူပါစတားဆရီဒေဗီ (သီရိဒေဝီ) ကပူးရ်သည် အသက် ၅၄ နှစ် အရွယ်တွင် ရုတ်တရက်နှလုံးဖောက်ပြန် (heart attack) ဖြစ်ပြီး ကွယ်လွန်သွားခဲ့ကြောင်း မိသားစုက ထုတ်ပြန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။