News

POST TAGGED AS

အိန္ဒိယ

02-Oct-2017 tagged as အိန္ဒိယ
မွမ်ဘိုင်းဘူတာရုံ လူကူးတံတားတစ်ခုတွင် လူများ ဝရုန်းသုန်းကား ထွက်ပြေးမှုကြောင့် ၂၂ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု တာဝန်ရှိသူများက သတင်း ထုတ်ပြန်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
28-Sep-2017 tagged as အိန္ဒိယ
အိန္ဒိယနိုင်ငံသို့ ပြည်ဝင်ခွင့်အတွက် ဗီဇာကြေး ကင်းလွတ်ခွင့်ကို စက်တင်ဘာလ ၂၅ ရက်မှစ၍ မြန်မာနိုင်ငံသားများ စတင်ခံစားခွင့်ရရှိပြီ ဖြစ်ကြောင်း ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်းကော်မတီထံမှ စုံစမ်းသိရသည်။
28-Sep-2017 tagged as အိန္ဒိယ
လာမည့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ အိမ်ထောင်စုတိုင်း လျှပ်စစ်မီး ရရှိနိုင်မည့် ဘီလီယံ ဒေါ်လာနှင့်ချီ တန်ဖိုးရှိသော စီမံကိန်းကြီးကို စတင်ပြီ ဖြစ်သည်ဟု အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ထုတ်ဖော်ပြောကြားလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
အစိုးရချင်း သဘောတူစနစ် (G to G) ဖြင့် လက်မှတ်ထိုး၍ ယခုဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတင်ပို့နိုင်ရေးအတွက် လုပ်ဆောင်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းတို့က လုပ်ဆောင်လျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။
ကျောင်းမုန့်ဈေးတန်းများတွင် တရုတ်နိုင်ငံထုတ် မုန့်များအစား ပြည်တွင်းထွက် ပဲဖြင့်ပြုလုပ်သည့်မုန့်များ ဈေးနှုန်း သက်သာစွာ ရောင်းချနိုင်ရေး အသေးစား စက်မှု၊ လက်မှုဦးစီးဌာနက ပြင်ဆင်နေကြောင်း စိုက်ပျိုးရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။
22-Sep-2017 tagged as အိန္ဒိယ
အိန္ဒိယနိုင်ငံတွင် ကွန်ဒုံးများ ရောင်းချလျက်ရှိသည့် နာမည်ကျော် ကုမ္ပဏီတစ်ခုသည် ဟိန္ဒူဘာသာရေးပွဲတော်တစ်ခု မတိုင်မီ ဘာသာရေး ကွန်ဆာဗေးတစ် အင်အားစုများ၏ ကန့်ကွက်ဆန္ဒပြမှုများကြောင့် ကွန်ဒုံးကြော်ငြာ ပိုစတာများနှင့် Billboard များကို အရေးတကြီး လိုက်လံဖြုတ်ချခဲ့ရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ခေတ်စနစ်က ပြောင်းလဲလာပြီဖြစ်သည်။ ကိုယ့်ရွာအဆင့်လောက် မမြင်သင့်။ ကမ္ဘာကို လှမ်းမျှော်ကြည့်ရမည့် ကမ္ဘာ့အမြင် ပညာရေး ဖြစ်လာသည်။ ထို့ကြောင့် ကမ္ဘာက မည်သို့ သင်ကြားနေကြသနည်း ဆိုသည့် လမ်းကြောင်းနောက်ကို လိုက်ရန် ပြင်ဆင်ကြတော့သည်။
21-Sep-2017 tagged as အိန္ဒိယ
မြန်မာနိုင်ငံနှင့် မြန်မာ့တပ်မတော်ကို စစ်ဆင်နွှဲနိုင်ရေးအတွက် ဘင်္ဂါလီ ဒုက္ခသည် လူငယ်များကို လိုက်လံစည်းရုံးကာ လူစုဆောင်းနေသည့် အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ဝင် ဗြိတိန်နိုင်ငံသားတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့၏ ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Indian Times သတင်းစာက ရေးသားဖော်ပြသည်။
19-Sep-2017 tagged as တရုတ် အိန္ဒိယ
ဟိမဝန္တာဒေသ ဘူတန်နိုင်ငံအနီး နယ်နိမိတ် အငြင်းပွားမှုကြောင့်ဖြစ်သော တင်းမာမှုကို တရုတ်နှင့်အိန္ဒိယတို့ လျှော့ချနိုင်ခဲ့သော်လည်း ယခုအခါ မြစ်ရေကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုတစ်ရပ် နှစ်နိုင်ငံအကြား ထပ်မံပေါ်ပေါက်လာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
08-Sep-2017 tagged as မြန်မာ အိန္ဒိယ
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိလာခဲ့သည့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် စက်တင်ဘာလ ၇ ရက်နေ့၌ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ပြီးနောက် ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်ရှိ ရှားဘုရင်၏ အုတ်ဂူသို့ ဆက်လက်သွားရောက်ကာ ဝန်ကြီးချုပ်မိုဒီက ဂါရဝပြု ဆုတောင်းသွားခဲ့သည်။