News

POST TAGGED AS

အိန္ဒိယ

14-Mar-2017

အိန္ဒိယ
အိန္ဒိယ ဝါးလက်မှုပညာပြပွဲ ကျင်းပမည်
ရန်ကုန်၊ မတ် ၁၄

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက စီစဉ်၍ ဝါးလက်မှုပညာပြပွဲ (Bamboo Craft Exhibition) ကို ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသား ပြတိုက်တွင် မတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။

ပြပွဲတွင် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ ကျွမ်းကျင်အနုပညာ ပညာရှင်၊ အိန္ဒိယနိုင်ငံ ရှေးဟောင်း ယဉ်ကျေးမှု ဆန်းစစ် လေ့လာမှုတွင် ထင်ရှားသည့် အဖွဲ့ဝင်လည်းဖြစ်သူ အကယ်ဒမီဆုရှင် Shri Mutua Bahadur ဦးဆောင်သည့် အဖွဲ့ဝင် သုံးဦးပါသောအဖွဲ့က ဝါးလက်မှုပညာဆိုင်ရာ ပစ္စည်းများကို ထုတ်ဖော်ပြသမည်ဖြစ်သည်။

E-03

  • VIA


FOLLOW US