News

POST TAGGED AS

အိန္ဒိယ

26-Dec-2016

အိန္ဒိယ
နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်သော တိုက်ချင်းပစ်ဒုံးကျည်ကို အိန္ဒိယ စတုတ္ထအကြိမ်မြောက် စမ်းသပ်ပစ်လွှတ်

အိန္ဒိယနိုင်ငံဟာ နျူကလီယား ထိပ်ဖူး သယ်ဆောင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တစ်မျိုးကို စတုတ္ထအကြိမ်မြောက် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပါတယ်။


Agni-V အမျိုးအစား ယင်းဒုံးကျည်ဟာ မိုင်ပေါင်း ၃၁၀၀ ထိ ပျံသန်း ရောက်ရှိနိုင်စွမ်း ရှိပါတယ်။


ယခု ဒုံးကျည်ဟာ အိန္ဒိယရဲ့ မဟာဗျူဟာကို ချဲ့ထွင်ဖို့ ကူညီပေးနိုင်မှာဖြစ်ပြီး ကာကွယ်ရေး စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့ အိန္ဒိယ သမ္မတက ပြောပါတယ်။


အိန္ဒိယနိုင်ငံဟာ ပထမဆုံး Agni-5 ဒုံးကျည် စမ်းသပ်မှုကို ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး ၂၀၁၃ မှာ ဒုတိယအကြိမ်၊ ၂၀၁၅ မှာ တတိယအကြိမ်နဲ့ ယခု ၂၀၁၆ မှာ စတုတ္ထအကြိမ် စမ်းသပ် ပစ်လွှတ်တာပဲ ဖြစ်ပါတယ်။


Ref : CNN


  • VIA


FOLLOW US