News

POST TAGGED AS

အိန္ဒိယ

အိန္ဒိယမှာ အချုပ်ခန်းအတွင်း သေဆုံးရသူပေါင်း ရာနှင့်ချီ၍ရှိဟု ဆို
အိန္ဒိယနိုင်ငံမှာ အချုပ်ခန်းအတွင်း သေဆုံးရတဲ့ အချုပ်သား အရေအတွက်ဟာ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ် အတွင်းမှာ ၆၀၀ နီးပါးထိ ရှိခဲ့တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

အဲဒီိလို အချုပ်သားတွေ သေဆုံးမှုအတွက် ရဲအရာရှိ တစ်ဦးတစ်ယောက်မှ အရေးယူ အပြစ် ပေးခံရခြင်းလည်း မရှိခဲ့ဘူးလို့ ယင်းလူ့အခွင့်ရေး အဖွဲ့က ပြောပါတယ်။

အချုပ်ခန်းအတွင်း အချုပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ အိန္ဒိယအာဏာပိုင်တွေက ဖျားနာခြင်း၊ ထွက်ပြေးရန် ကြိုးစားခြင်း၊ သေကြောင်းကြံခြင်းနဲ့ မတော်တဆမှုတို့ကြောင့်လို့ အကြောင်းပြချက်ပေးလေ့ ရှိပါတယ်။

ဒါပေမဲ့ ဒီလောက် အရေအတွက် များတဲ့ အချုပ်သားတွေ သေဆုံးခြင်းဟာ အချုပ်ခန်းအတွင်း ညှဉ်းပန်း နှိပ်စက်မှုတွေကြောင့်သာ ဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပြီး အိန္ဒိယ အာဏာပိုင်တွေကတော့ ငြင်းဆန်ထားပါတယ်။

တစ်ဖက်မှာလည်း တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၁၁၄ မျက်နှာရှိ အစီရင်ခံစာထဲမှာ အသေးစိတ် စုံစမ်း စစ်ဆေးထားတဲ့ အချက်အလက်တွေ ပါဝင်လျက် ရှိပါတယ်။

ယင်းအချက်အလက်တွေထဲမှာ အချုပ်ခန်းအတွင်း ကိုယ်တိုင် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသူတွေ၊ မိသားစုဝင်တွေနဲ့ ရဲအရာရှိတွေကို တွေ့ဆုံ မေးမြန်းထားမှုတွေတောင် ပါဝင်လျက် ရှိပါတယ်။

Ref : BBC



FOLLOW US