News

POST TAGGED AS

အိန္ဒိယ

21-Nov-2016

မီးရထား အိန္ဒိယ
အိန္ဒိယတွင် ရထားတိမ်းမှောက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၁၅ ဦးအထိ ရောက်ရှိ
အိန္ဒိယနိုင်ငံမှာ အမြန်ရထားတစ်စီး လမ်းချော်တိမ်းမှောက်ခဲ့ပြီး လက်ရှိအချိန်မှာ သေဆုံးသူ အရေအတွက်ဟာ ၁၁၅ ဦးအထိ ရောက်ရှိသွားပြီ ဖြစ်ကာ ဒဏ်ရာရသူ အရေအတွက်ကတော့ ၁၅၀ ကျော် ရှိနေပါတယ်။

ယင်းရထားလမ်း ချော်တိမ်းမှောက်မှုဟာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း ယူတာပရာဒက်ရှ်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

ကယ်ဆယ်ရေးသမားတွေဟာ ရထားတွဲတွေထဲကနေ ဒဏ်ရာရရှိထားသူတွေကို ကယ်ဆယ်ထုတ်ယူဖို့နဲ့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ထုတ်ယူဖို့ ကြိုးစားဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။

ရထားတိမ်းမောင်းရတဲ့ အကြောင်းရင်းကို လက်ရှိအချိန်ထိ တိတိကျကျ မသိရှိရသေးပေမယ့် ရထားသံလမ်း ကျိုးနေခြင်းကြောင့် ရထားတိမ်းမှောက်သွားခဲ့တာလို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Times Of India သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် ရထားတိမ်းမှောက်မှုကြောင့် သေဆုံးရသူ အရေအတွက်ဟာ ဆက်လက်မြင့်တက်နိုင်ချေ ရှိနေဆဲ ဖြစ်ပါတယ်။

Ref: BBC



FOLLOW US