News

POST TAGGED AS

အိန္ဒိယ

18-Jan-2018

အိန္ဒိယ
အိန္ဒိယ နွားရိုင်းပဲ့ပြင်ပွဲ နွားဝှေ့ခံရ၍ လူငါးဦးသေဆုံး
ဒေလီ၊ ဇန်နဝါရီ ၁၇ 

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနဒူပြည်နယ်တွင် ကျင်းပပြုလုပ်သော နွားရိုင်းပဲ့ပြင်ပွဲတွင် နွားရိုင်းအဝှေ့ခံရခြင်းကြောင့် လူငါးဦး သေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျာလီကတ္တူဟု အမည်ရသည့် အဆိုပါနွားရိုင်းပဲ့ပြင်ပွဲသည် အိန္ဒိယနိုင်ငံ၌ အငြင်းပွားစရာ အားကစားတစ်မျိုးဖြစ်သည်။ အဆိုပါပွဲတွင် အိန္ဒိယအမျိုးသား ထောင်ပေါင်းများစွာက နွားရိုင်း၏ ချွန်ထက်နေသော ဦးချိုတွင်ချည်နှောင်ထားသော ဆုများရရှိနိုင်ရေးအတွက် ယင်းနွားရိုင်းများကို လိုက်ဖမ်းကြရသည်။ 

ဂျာလီကတ္တူဟု ပွဲတော်ကို အိန္ဒိယတရားရုံးတော်က ၂၀၁၄ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။ ရိုင်းစိုင်းသည့် နွားများကြောင့် လူအများ ဘေးဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် ပိတ်ပင်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ 

သို့သော် ယင်းပွဲကို ကျင်းပပေးရန် ဆန္ဒပြတောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာခြင်းကြောင့် အိန္ဒိယအစိုးရက ယမန်နှစ်က အဆိုပါပွဲကို ပြန်လည်ကျင်းပခွင့်ပြုခဲ့သည်။ 

အိန္ဒိယအာဏာပိုင်များ အဆိုအရ ယခုကျင်းပသည့်ပွဲတွင် လူငါးဦး သေဆုံးသွားရုံမျှမက နောက်ထပ် လူ ၆၀ ကျော်ခန့် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။ 

F-01

  • VIA


FOLLOW US