News

POST TAGGED AS

အိန္ဒိယ

တရုတ်မုန့်များအစား ပဲမုန့်များ အစားထိုးရောင်းချမည်
နေပြည်တော်၊ စက်တင်ဘာ ၂၃

ကျောင်းမုန့်ဈေးတန်းများတွင် တရုတ်နိုင်ငံထုတ် မုန့်များအစား ပြည်တွင်းထွက် ပဲဖြင့်ပြုလုပ်သည့်မုန့်များ ဈေးနှုန်း သက်သာစွာ ရောင်းချနိုင်ရေး အသေးစား စက်မှု၊ လက်မှုဦးစီးဌာနက ပြင်ဆင်နေကြောင်း စိုက်ပျိုးရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။

ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲတို့ဖြင့် ပြုလုပ်သည့် ကျပ် ၁၀၀၊ ၂၀၀တန် မုန့်များကို ကျောင်းမုန့်ဈေးတန်းများတွင် ထုတ်လုပ်ရောင်းချရန် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း ယင်းဌာနထံမှ သိရှိရသည်။

“ပဲစားသုံးမူကိစ္စ ပြောင်းလဲရတာ (Change) ရတာက ပါးပါးလေး ပြောင်းလို့မရဘူး။ ကလေးတွေကနေ စားသုံးမှု ပုံစံအသစ်ကို စမိတ်ဆက်ပေးဖို့အတွက် ဈေးနှုန်း သက်သာစွာ ရောင်းချဖို့ အခုလုပ်နေပါတယ်”ဟု ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။

ကျောင်းများတွင် သူငယ်တန်းပညာသင်အဆင့်မှစပြီး အာဟာရဆိုင်ရာ သင်ခန်းစာများ သင်ကြားနေကြောင်း ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က ပြောကြားသည်။

ထို့ပြင်အာဟာရ သုံးမျိုးနှင့်ပတ်သက်ပြီး စားသုံးရန် အသိပညာပေးနေသည့်အပြင် ကလေးများ ပဲကိုပိုစားသင့်သည့် အသိပညာပေးလုပ်ငန်များ ဆောင်ရွက်ပေးမည်ဟု ၎င်းက ပြောဆိုသည်။

ပြည်သူ့ကျန်းမာရေးဦးစီဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မေခင်သန်းက အာဟာရပညာပေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ပေးရန် ဝန်ကြီးက လမ်းညွှန်ထားကြောင်း ပြောကြားသည်။

အိန္ဒိယနိုင်ငံက ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီးစိမ်းတို့ တင်သွင်းမှု အရေအတွက် ကန်သတ်ခဲ့သည့်အတွက် ပြည်တွင်းတွင် ပဲလက်ကျန် ၄ သိန်းခန့်ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရှိရသည်။

T.L



FOLLOW US