News

POST TAGGED AS

အိုလံပစ်

တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းတွင်ကျင်းပသော သံတမန်ရေးလွှမ်းမိုးသည့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ အငြင်းပွားဖွယ် မြောက်ကိုရီးယား ဗိုလ်ချုပ်ကြီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ကြကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ၂၈ နှစ်အရွယ် နှမဖြစ်သူသည် တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဆောင်းရာသီအိုလံပစ် ပူးပေါင်းပါဝင်မှုကြောင့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုများ ပြေလျော့လာချိန်တွင် မြောက်ကိုရီးယားက ထိပ်ပိုင်းအဆင့် တာဝန်ရှိသူတစ်ဦးကို နှစ်ပေါင်းများစွာအတွင်း တောင်ကိုရီးယားသို့ ပထမဆုံးအကြိမ် စေလွှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားတွင် ဆောင်းရာသီ အိုလံပစ်ပွဲမကျင်းပမီ တစ်ရက်အလိုတွင် မြောက်ကိုရီးယား၌ အကြီးစားစစ်ရေးပြချီတက်ပွဲ ပြုလုပ်ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ မြောက်ကိုရီးယားက ခုခံပြောကြားခဲ့ပြီး အချိန်ကိုက် ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်ဟု ဖြေရှင်းခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
အိုလံပစ်ပွဲတွင် ပူးပေါင်းယှဉ်ပြိုင်ရေးအတွက် လေ့ကျင့်ရန် မြောက်ကိုရီးယားတာဝန်ရှိသူများနှင့် ရေခဲပြင်ဟော်ကီ အားကစားသမားများ ကြာသပတေးနေ့က နယ်စပ်ကို ဖြတ်ကူးကာ တောင်ကိုရီးယားဘက်ခြမ်းသို့ ရောက်ရှိလာကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။