POST TAGGED AS

အိုဘားမား

13-Jan-2017 tagged as အိုဘားမား
သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုတွင် အရပ်သားများကို ပေးအပ်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော သမ္မတက ချီးမြှင့်သည် လွတ်လပ်ခြင်း ဆုတံဆိပ်ကို ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်အား ပေးအပ်ချီးမြှင့်ခဲ့သည်။
12-Jan-2017 tagged as အိုဘားမား
အင်တာနက် အခြေပြု တေးဂီတ နားဆင်တဲ့ အင်တာနက်စာမျက်နှာ Spotify ဟာ အောင်မြင်ကျော်ကြားလာတဲ့ ဂီတလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အိမ်ဖြူတော်က ထွက်ခွာလာပြီးတဲ့အခါ အဲဒီကုမ္ပဏီမှာ အလုပ်လိုချင်ပါတယ်လို့ အိုဘားမားက အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားက ဆက်ခံမည့်သူ ဒေါ်နယ်ထရမ့် အနေနှင့် အိမ်ဖြူတော်ကို ‘မိသားစု စီးပွားရေးလုပ်ငန်း စီမံသည့် နည်းလမ်း’ ဖြင့် မကွပ်ကဲသင့်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။
အမေရိကန်သမ္မတ တစ်ယောက် အနေနှင့် တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် တာဝန်ပါ ထမ်းဆောင်ရခြင်းသည် “မိမိဘဝ၏ အခွင့်ထူး” ဖြစ်ကြောင်း ဟာဝိုင်အီရှိ မရိန်းတပ်ဖွဲ့ အခြေစိုက်စခန်းသို့ ခရစ္စမတ်နေ့တွင် ရောက်ရှိစဉ် သမ္မတ ဘားရက်အိုဘားမားက ပြောကြားခဲ့သည်။
19-Dec-2016 tagged as အိုဘားမား
သမ္မတသက်တမ်း ပြည့်မြောက်လို့ အိမ်ဖြူတော်က ထွက်ခွာတဲ့အခါမှာ အိုဘားမားဟာ ဝါရှင်တန်မှာပဲ ဆက်လက်နေထိုင်သွားမှာ ဖြစ်ပြီး အဲဒီအတွက် ဒေါ်လာ ၅ ဒသမ ၃ သန်းတန် အိမ်ကိုလည်း အသင့်ဖြစ်အောင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
သမ္မတနေရာ ဆက်ခံသူ ဒေါ်နယ်ထရမ့်သည် အဓိကကျသော အမေရိကန် တန်ဖိုးများကို ခြိမ်းခြောက်လာပါက နိုင်ငံသားတစ်ယောက် အနေနှင့် ဝေဖန်သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သမ္မတသစ်အဖြစ် တင်မြှောက်ခံထားရသူ ဒေါ်နယ်ထရမ့်နှင့် ပတ်သက်ပြီး “အဆိုးဆုံးချည်း တွေးမထား ကြပါနဲ့” ဟု လက်တင်အမေရိကနှင့် ကာရေဘီယံဒေသမှ လူငယ်ခေါင်းဆောင် ၁၀၀၀ နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။
အီးယူမှ ဗြိတိန်နုတ်ထွက်မှု (Brexit) ကိစ္စနှင့် အမေရိကန် သမ္မတရွေးပွဲ ကိစ္စ ပေါ်ပေါက်အပြီးတွင် သမ္မတ အိုဘားမားက “ကြမ်းတမ်းခက်ထန်သော အမျိုးသားရေးဝါဒ ကြီးထွားလာကြောင်း” သတိပေး ပြောဆိုလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
“အခုက မတူတော့ဘူးလေ” အမေရိကန်မူဝါဒ အကြီးအကျယ် ပြောင်းလဲမည် မဟုတ်ဘဲ ဒေါ်နယ်ထရမ့် ကိုယ်တိုင်သာ လေသံပြောင်း
ဗီယက်နမ်စစ်ပွဲ ကာလအတွင်း အမေရိကန်တပ်များက လာအိုတွင် ကြဲချခဲ့သည့် ဗုံးများကို ရှင်းလင်းရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် လေးနက်သည့် ကိုယ်ကျင့်တရားနှင့် လူသားချင်း စာနာမှုဆိုင်ရာ တာဝန်ဝတ္တရား ရှိသည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက စက်တင်ဘာလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။