News

POST TAGGED AS

အိုင်ယာလန်

ဥရောပ၏ လူမှုရှေးရိုးစွဲ အိုင်ယာလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုပိတ်ပင်ခြင်းကို အဆုံးသတ်ရန်အတွက် ဆန္ဒခံယူပွဲတွင် သောင်ပြိုကမ်းပြို မဲပေး၍ ဆုံးဖြတ်လိုက်ကြပြီးနောက် အိုင်ယာလန်ဝန်ကြီးချုပ်က အောင်မြင်သော အသံတိတ်အသွင်ပြောင်း တော်လှန်ရေးအဖြစ် ဂုဏ်ပြုပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကက်သလစ်ဘာသာကိုးကွယ်သော အိုင်ယာလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ဖြစ်အောင် အခြေခံဥပဒေကို ပြင်ဆင်ရန် သင့်၊ မသင့် ဆန္ဒခံယူပွဲတစ်ရပ်ကို မေ ၂၅ တွင် ကျင်းပတော့မည်ဖြစ်ရာ စနေနေ့က ဒဗ်ဗလင်တွင် ကိုယ်ဝန်ဖျက်ချမှု ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲ၌ ထောင်နှင့်ချီသောပြည်သူများ ပါဝင်ခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။