POST TAGGED AS

အိမ်ဖော်

မနန်းမို့မို့အေးမှာ ၎င်း၏ အဘွားဖြစ်သူ အရွယ်ခန့်ရှိ အိမ်ရှင်၏ဖိနပ်ဖြင့် ပါးရိုက်ခံရခြင်း၊ တုတ်ဖြင့် ခြေသလုံးနှင့် လက်ဖဝါးတို့ကို ရိုက်နှက်ခံရခြင်း၊ တစ်နေ့ ထမင်းတစ်နပ်သာ ကျွေးခြင်းတို့အား အံကြိတ်ရင်ဆိုင်ဖြတ်သန်းခဲ့ရာမှ တစ်နှစ်ခန့်အကြာ ၎င်းသွားခြောက်ချောင်း ကျိုးအောင်အထိ ရိုက်နှက်နှိပ်စက်မှုကို ထပ်မံရင်ဆိုင်ခဲ့ရသည်ဟု ပြန်လည်ရှင်းပြသည်။
26-Jul-2017 tagged as အိမ်ဖော်
အငြိမ်းစားဒုတိယဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မရမ်းကုန်း မြို့နယ်တရားရုံးသို့ နယ်မှ လာရောက် တရားရင်ဆိုင်စဉ် ပျောက်ဆုံးသွားသည့် အသက် ၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ၂၁ ရက်အကြာ ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက် ၁၁ နာရီတွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
14-Jul-2017 tagged as အိမ်ဖော်
အငြိမ်းစား ဒုဗိုလ်မှူးကြီးနေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်းကျိုးအောင် နှိပ်စက်ခံရမှုဖြင့် နယ်မှ ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ် တရားရုံးသို့ အမှုလာရင်ဆိုင်သည့် အသက် ၁၂ အရွယ် အိမ်အကူမိန်းကလေး ပျောက်ဆုံးနေသည်မှာ ယနေ့ ၁၀ ရက် မြောက်ပြီဖြစ်သော်လည်း ပြန်ရှာတွေ့ခြင်း မရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
10-Jul-2017 tagged as အိမ်ဖော်
အငြိမ်းစားဒုဗိုလ်မှူးကြီး၏ နေအိမ်တွင် အိမ်အကူလုပ်ရာမှ သွားခြောက်ချောင်း ကျိုးအောင် နှိပ်စက်ခံရမှုဖြင့် မရမ်းကုန်း မြို့နယ်တရားရုံးတွင် အမှုလာရင်ဆိုင်နေသော အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ နယ်မှ ရန်ကုန်သို့ လာရောက်စဉ် ပျောက်ဆုံးခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။
21-Jun-2017 tagged as အိမ်ဖော်
စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင် တို့သို့ ရောက်ရှိနေသော မြန်မာအိမ်အကူ လုပ်သားစာရင်းများကို သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများက ကောက်ခံနေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ကျော်က ပြောကြားသည်။
မဇင်မာဦးကဲ့သို့ စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်သည့် မြန်မာအချို့ တိုက်ပေါ်မှ ခုန်ဆင်းထွက်ပြေးခြင်း၊ အဆုံးစီရင်ခြင်း ဖြစ်ရပ်အများအပြား ရှိခဲ့သည်။ မြန်မာအိမ်အကူများ မည်မျှအထိ စတေးခံနေရဦးမည်နည်း။
မြန်မာအိမ်အကူ အမျိုးသမီးငယ် စင်ကာပူတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းသည် ရေခဲတောင်ကြီး၏ ထိပ်စွန်းသာဖြစ်ပြီး ယင်းဖြစ်ရပ်က မြန်မာတစ်နိုင်ငံလုံး၏ အခြေအနေကို လှစ်ဟပြသည်။ ယင်းအခြေအနေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မှသာ အိမ်အကူများ အပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားများစွာ၏ ဘဝကို ကယ်တင်နိုင်မည်။
04-Jun-2017 tagged as အိမ်ဖော်
စင်ကာပူနိုင်ငံတွင် ကိုးထပ်တိုက်ပေါ်မှ ပြုတ်ကျခဲ့ပြီး ခါးရိုးကြေသွားသည့် မြန်မာအိမ်အကူကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
03-Jun-2017 tagged as အိမ်ဖော်
အမရပူရမြို့နယ် ထန်းတောကျေးရွာရှိ စက်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် နှိပ်စက်ခံခဲ့ရသည်ဆိုသည့် အမျိုးသမီးငယ်ကို ဇွန်လ ၂ ရက်နေ့က ပထမဆုံးအကြိမ် စစ်ဆေးခဲ့ကြောင်း အမရပူရမြို့နယ် တရားရုံးထံမှ သိရသည်။