News

POST TAGGED AS

အိမ်အကူ

အစ္စဏီအမှု တရားရုံးပြောင်း စစ်ဆေးရန် ခရိုင်တရားရုံးတွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်
ရန်ကုန်၊ ဇူလိုင် ၁၇

မုဒိမ်းမှုအပါအဝင် ပုဒ်မသုံးခုဖြင့် တာမွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော အဆိုတော်အစ္စဏီအမှုကို ရုံးပြောင်းစစ်ဆေးပေးရန် အရှေ့ပိုင်းခရိုင် တရားရုံး၌ ဇူလိုင် ၂၀ ရက်တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်သည်။

အဆိုပါ အမှုကို ဇူလိုင် ၁၆ ရက်က တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားလို မော်ဒယ်လ်စူးရှထက်ဘက်မှ အရှေ့ပိုင်းခရိုင် တရားရုံးသို့ ရုံးပြောင်းစစ်ဆေးရန် လျှောက်ထားသောကြောင့် လတ်တလော အမှု စစ်ဆေးမှုကို ခေတ္တဆိုင်းငံ့ထားကြောင်း အစ္စဏီ၏ရှေ့နေ ဦးကျော်ဇင်ဦးက သတင်းထောက်များကို ပြောသည်။ 

“အပေါ်က အမှုတွဲတောင်းထားလို့ အောက်ရုံးမှာ အမှုစစ်ဆေးမှုကို ခေတ္တဆိုင်းငံ့ထားတယ်။ ဟိုဘက်က ဘယ်ရုံးပြောင်းသင့်လဲဆိုတာ အမိန့်တစ်စုံတစ်ရာ ချမှာပေါ့။ ဇူလိုင် ၂၀ ရက်နေ့ကျရင် အရှေ့ပိုင်း ခရိုင်တရားရုံးမှာ ကျွန်တော်တို့ ရှေ့နေ ပါဝါပြန်တင်ရမယ်။ ဘယ်ရုံးကို ပြောင်းလဲစစ်ဆေးသင့်မလဲဆိုတာကို နှစ်ဖက်လျှောက်လဲချက်ကို ကြားနာပြီး အမိန့်ချမှာပေါ့”ဟု ရှေ့နေဦးကျော်ဇင်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က တာမွေမြို့နယ် တရားရုံးတွင် တရားလို မော်ဒယ်လ်စူးရှထက်ကို တရားခွင် ရုံးခန်းတံခါးပိတ် စစ်ဆေးခဲ့သော်လည်း မပြီးဆုံးသေးသဖြင့် ဇူလိုင် ၉ ရက်နေ့တွင် ၎င်းကို ဆက်လက်စစ်ဆေးရန် တရားသူကြီးက သတ်မှတ်ပေးခဲ့ပြီးနောက် တရားလိုဖြစ်သူ လာရောက်ခဲ့ခြင်း မရှိသဖြင့် အမှုမစစ်ဆေးဖြစ်ဘဲ ယင်းအမှုမှာ အရှေ့ပိုင်း ခရိုင်တရားရုံးတွင် ရာဇဝတ်ပြင်ဆင်မှု အမှတ် ၆၅/၂၀၁၈ ဖြင့် ရုံးပြောင်းစစ်ဆေးပေးရန် လျှောက်တင်ထားကြောင်း တရားရုံးထံမှသိရသည်။

ယခင်အပတ်ရုံးချိန်းများတွင် အစ္စဏီ၏ ရှေ့နေဘက်က ရုံးတော်သို့ တင်သွင်းထားသည့် Cele 7 အွန်လိုင်းမီဒီယာမှ အခင်းဖြစ်ပွားပြီး နှစ်ရက်အကြာ ဧပြီလ ၁၃ ရက်နေ့က မော်ဒယ်လ်စူးရှထက်ကို အင်တာဗျူးထားသည့် ဗီဒီယိုဖိုင်ကို ယနေ့ရုံးချိန်းတွင် သက်သေခံပစ္စည်းအဖြစ် ရုံးတော်က လက်ခံခဲ့ကြောင်း တာမွေမြို့နယ်တရားရုံးထံမှ သိရသည်။

မုဒိမ်းမှု ပုဒ်မ အပါအဝင် ပုဒ်မသုံးခုဖြင့် တရားရင်ဆိုင်နေရသည့် အဆိုတော်အစ္စဏီအမှုကို ဇွန်လ ၂၅ ရက်နေ့က တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့စဉ် မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ မိန်းမကိုယ်တွင် ထိုးသွင်းဒဏ်ရာ မရှိခြင်းနှင့် သုက်ပိုးသုက်ရည်ကို မတွေ့ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု အစ္စဏီ၏ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက မီဒီယာများကို ဖြေကြားခဲ့သည်။

S-03




FOLLOW US