News

POST TAGGED AS

အိမ်အကူ

သမီးရည်းစားစုံတွဲစကားများရာမှ လူသတ်မှုဖြစ်၊ ရတနာပုံတက္ကသိုလ်ကျောင်းသူ သေဆုံး
မန္တလေး၊ ဇွန် ၂၆

အမရပူရမြို့နယ် ရတနာပုံတက္က သိုလ်အနီးရှိ ရွှေဘုံသာသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းအတွင်း ဇွန် ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ရတနာပုံတက္ကသိုလ်ကျောင်းသား သမီးရည်းစားစုံတွဲ စကားများရန်ဖြစ်ကြရာမှ လူသတ်မှုဖြစ်ခဲ့ပြီး ကျောင်းသူသေဆုံးခဲ့ကြောင်း အမရပူရမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

တောင်သမန်ကျေးရွာအုပ်စု ထန်းတောရွာရှိ ရွှေဘုံသာသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်အတွင်း၌ အသက် ၂၀ အရွယ်ရှိ တတိယနှစ် ဥပဒေကျောင်းသား ကိုထွန်းထွန်းကျော်သည် ၎င်း၏ချစ်သူ အသက် ၁၉ နှစ်အရွယ်ရှိ ဒုတိယနှစ် ဥပဒေကျောင်းသူနှင့် လူငယ်သဘာဝ ချိန်းတွေ့ရာမှ စကားများ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကိုထွန်းထွန်းကျော်က လက်သီးဖြင့်ထိုးကြိတ်ခြင်း၊ လည်ပင်းညှစ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် မိန်းကလေးတွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမရပူရမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ ရဲအုပ်မင်းပိုင်ဦးက ပြောကြားသည်။

“ပြစ်မှုကျူးလွန်တဲ့သူလို့ လက်ရှိအချိန်မှာ ယူဆထားရတဲ့သူ ကိုယ်တိုင်ကပဲ ၁၉၉ ကို ဖုန်းဆက်လာတာပါ။ သူက အကူအညီ တောင်းတာ။ နာမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကိုပို့တဲ့အချိန် လမ်းမှာ ဆုံးသွားတယ်။ ကျူးလွန်တဲ့သူလို့ ယူဆရတဲ့သူကို စခန်းမှာ ဖမ်းထားတယ်။ ကျွန်တော်တို့ကိုပြောတာကတော့ သူ့ကောင်မလေးနဲ့ အဆင်မပြေဖြစ်တယ်။ အဲဒီမှာစိတ်မထိန်းနိုင်ဘဲ လည်ပင်းညှစ်တာလို့ပြောတယ်။ ကောင်မလေး သတိမေ့သွားတဲ့အချိန်မှာ ဖုန်းဆက်တာ”ဟု ၎င်းကရှင်းပြသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုထွန်းထွန်းကျော်ကို အမရပူရမြို့မ ရဲစခန်းမှ ရဲအုပ်မင်းပိုင်ဦးက တရားလို ပြုလုပ်၍ အမှုဖွင့် အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ 

M-04



FOLLOW US