News

POST TAGGED AS

အိမ်အကူ

29-Mar-2018

အကယ်ဒမီ
အကယ်ဒမီပေးပွဲတွင် ပြောကြားချက်ကို တာဝန်ယူဖြေရှင်းပေးရန် စန္ဒယားတင်ဝင်းလှိုင်ကို MRTV တောင်းဆို
ရန်ကုန်၊ မတ် ၂၈

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ စန္ဒယားတင်ဝင်းလှိုင်၏ ပြောကြားချက်များမှာ မှားယွင်းနေသဖြင့် တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောကြားသည်။

“တစ်နိုင်ငံလုံးကြည့်ရှုနေတဲ့ တိုက်ရိုက်လွှင့်တဲ့ အခုလိုပွဲမျိုးမှာ ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေအောင် ပြောဆိုခဲ့တယ်။ ချစ်ကြည်ရင်းနှီးစွာ အတူလက်တွဲလုပ်ဆောင်ခဲ့တဲ့ ဦးတင်ဝင်းလှိုင်အနေနဲ့ ဒီကိစ္စကိုပြန်လည်ဖြေရှင်းပါ”ဟု ၎င်းက ဆိုသည်။

အလားတူ မြန်မာအသံနှင့်ရုပ်မြင်သံကြားတွင် နှစ်ပေါင်း ၇ နှစ်ကျော်က RCA စက်နှင့် အသုံးပြုခဲ့သော အပ်တစ်ခုမှမရှိတော့ဟု ပြောကြားမှုမှာ မမှန်ကန်ကြောင်း၊ လက်ရှိတွင် အပ်အချောင်း ၅၀ ခန့် ဝယ်ယူထားသည်ဟု ရှင်းလင်းပြောကြားကာ RCA စက်အချို့ကို အသံစမ်းသပ်ပြသခဲ့သည်။

ထို့အပြင် မြန်မာအသံနှင့်ရုပ်မြင်သံကြားကို ဖွင့်လှစ်ချိန်မှစ၍ယခုအချိန်အထိ ထိန်းသိမ်းစောင့်ရှောက်ထားသည့် သဘင်၊ ဂီတနှင့်မြေဝိုင်းဖျော်ဖြေမှုများ အပါအဝင် မြန်မာရိုးရာသံစဉ်ပေါင်း အပုဒ်ရေနှစ်သောင်းကျော် စုဆောင်းသိမ်းဆည်းထားကြောင်း ယင်းသတင်းစာရှင်းလင်းပွဲ၌ ဦးမြင့်ထွေးက ဆက်လက်ပြောဆိုသည်။

နိုင်ငံပိုင်သတင်းစာတွင် အများပြည်သူသိရှိစေရန် စာမျက်နှာလေးမျက်နှာဖြင့် ဖော်ပြခဲ့သောစန္ဒရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်တွင် နှစ်ပေါင်း ၇ နှစ်ခန့် လက်တွဲလုပ်ဆောင်ခဲ့သည့် ဝါရင့်အနုပညာတစ်ဦးကို လေးစားသည့်အနေနှင့် အိတ်ဖွင့်ပေးစာ၌ မည့်သည့်ရက်အကန့်အသတ်အတွင်း ဖြေရှင်းပေးရန် ထည့်သွင်း မဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ်က မီဒီယာများကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် စန္ဒရားတင်ဝင်းလှိုင် စွပ်စွဲခဲ့သော အချက်အလက်ငါးခုနှင့် ပတ်သက်၍ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်အတွက် ယခုနှစ် မတ်လ ၂၂ ရက်အထိ မြန်မာ့အသံနှင့်ရုပ်ရှင်မြင် သံကြားက ဆက်သွယ်ခဲ့ရာတွင် ၎င်း၏ သမီးဖြစ်သူနှင့် အဆက်အသွယ်ရခဲ့သော်လည်း မြန်မာ့ရုပ်ရှင်အကယ်ဒမီချီးမြင့်ပွဲ ပြီးစီးမှသာ အကြောင်းပြန်မည်ဟု ဖြေကြားခဲ့ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောကြားသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဝေဖန်ပြောကြားမှုများနှင့် ပတ်သက်၍ စန္ဒယားတင်ဝင်းလှိုင်က အကယ်ဒမီပေးပွဲမတိုင်မီ ဝန်ကြီးနှင့် တွေ့ဆုံခွင့်ရခဲ့လျှင် စိတ်လိုက်မာန်ပါ ပြောကြားခဲ့မည် မဟုတ်သည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြန်သွားသဖြင့် ယခုကဲ့သို့ ပြောဆိုခဲ့ပြီး မပြန်ပါက ပါးစပ်ပိတ်ထားမည်ဖြစ်ကြောင်း အကယ်ဒမီဆုရသူများ ဂုဏ်ပြုပွဲအခမ်းအနား၌ ပြောဆိုသည်။ 

“မျက်နှာမြင်လည်း မြင်ရော ထောင်းခနဲဖြစ်သွားတယ်။ မတတ်နိုင်ဘူး။ ဦးလေးက ၇၃ (နှစ်) ဆိုတော့ သိပ်ရှေ့ကို အကြာကြီးနေမှာ မဟုတ်ဘူးလေ။ လုပ်ချင်ရာ လွတ်လွပ်လပ်လပ် လုပ်ချင်တယ်။ ကိုဖေမြင့်နဲ့က ၆၇ (၁၉၆၇) တက္ကသိုလ်စတက်ကတည်းက ခင်ကြတာဆိုတော့ ဦးလေး ဂီတဝေဒနာကို သူ နားလည်ပေးနိုင်မယ်ဆို ရတယ်။ နားမလည်ပေးနိုင်ရင်လည်း သူကြိုက်တဲ့ပုံစံနဲ့​ တောင်းပန်လို့ရပါတယ်။ မိတ်ဆွေတွေက မုန်းတာမရှိပါဘူး”ဟု ၎င်းက ဆိုသည်။

J-17



  • VIA


FOLLOW US