News

POST TAGGED AS

အိမ်အကူ

17-Nov-2017

အိမ်အကူ
သေဆုံးခဲ့သည့် အိမ်အကူအမှု၌ သံသယဖြစ်သည့်အချက်များ ထိုင်းအာဏာပိုင်များထံ တင်ပြမည်
ရန်ကုန်၊ နိုဝင်ဘာ ၁၅

ထိုင်းနိုင်ငံတွင် အိမ်အကူ လုပ်ကိုင်ခဲ့ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာအမျိုးသမီး၏ အမှုတွင် သံသယဖြစ်ဖွယ် အချက်များကို နိုဝင်ဘာ တတိယအပတ်တွင် ထိုင်းအာဏာပိုင်များထံ တင်ပြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေ အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းကို ပြန်လည် တူးဖော်စစ်ဆေးခဲ့ပြီးနောက် သတ်သေခြင်း မဟုတ်ကြောင်း သံသယဖြစ်ဖွယ် အချက်များကို ဘာသာပြန်၍ အာဏာပိုင်များထံ မြန်မာသံရုံး ညွှန်ကြားချက်ဖြင့် ပေးပို့မည်ဖြစ်သည့်အပြင် အသတ်ခံရသော ပုဒ်မဖြင့် အမှုဖွင့်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခင်းဖြစ်ပွားချိန်မှာရှိနေတဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေနဲ့ ကျည်ဆန်ခွံနှစ်ခု တွေ့တာတွေ စတဲ့သံသယဖြစ်ဖွယ် အချက် ၁၆ ချက်ကို သံအမတ်ကြီးရဲ့ ညွန် ကြားမှုနဲ့ ထိုင်းနိုင်ငံမှာရှိနေတဲ့ တရားမျှတဲ့ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားတဲ့အဖွဲ့တွေကို ဒီရက်ပိုင်းအတွင်း တင်ပြဖို့စီစဉ်နေတယ်}} ဟု ゞင်းက ဆို သည်။

သေဆုံးခဲ့သည့် မြန်မာနိုင်ငံသူ  ကရင်အမျိုးသမီးသည် ထိုင်းနိုင်ငံ ရာ့ခ်ျ ပူရီခရိုင်၊ ဘန်ပုံနယ်မြေရှိ ထိုင်းလူမျိုး အိမ်  ရှင်ထံတွင် အိမ်အကူအလုပ် လုပ်ကိုင်နေ သူတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ  ၆ ရက် ည၌ သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် ထိုင်းအိမ်ရှင်၏ အခန်းအတွင်း သေဆုံးခဲ့ ခြင်းဖြစ်သည်။

ယင်းသို့ သေဆုံးပြီး သုံးရက်အကြာတွင် ဂူသွင်းခဲ့ပြီး ထိုင်းနယ်မြေခံ ရဲတပ်ဖွဲ့က သေကြောင်း ကြံစည်မှုဖြင့် အမှု ပိတ်သိမ်းခဲ့ပြီးဖြစ်သည်။

ယင်းသေဆုံးမှုတွင် ထိုင်းရောက် မြန်မာအလုပ်သမား အဖွဲ့များနှင့် ထိုင်းနိုင်ငံ မြန်မာသံရုံးက သံသယရှိကြောင်း တင်ပြမှုများရှိသဖြင့် ထိုင်းနိုင်ငံ မှုခင်းတိုက်ဖျက်ရေး အထူးအဖွဲ့ (CSD) က ဂူသွင်းရုပ်အလောင်းကို နိုဝင်ဘာလ ၂ ရက်က ပြန်လည် တူးဖော်စစ်ဆေးခဲ့သည်။

J-14

  • VIA


FOLLOW US