News

POST TAGGED AS

အိမ်ရာစီမံကိန်း

မန္တလေးတိုင်းအတွင်း တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများအတွက် ကျပ်သန်း ၃၇၀၀ ကျော် အကုန်အကျခံကာ ဝန်ထမ်းအိမ်ရာများ တည်ဆောက်နေပြီ ဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောကြားသည်။
အိမ်ရာဝယ်ယူလိုသူများအနေနှင့် မိမိဝယ်ယူလိုသည့် အိမ်၊ ခြံ၊ မြေတိုက်ခန်း၏ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ၁၅ နှစ် အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူနိုင်မည့် AYA Home Loan Launch အစီအစဉ်ကို မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်တွင် စတင်မိတ်ဆက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ မြေဧက ၁၈၃ ဧကပေါ်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာကို မတ်လမှစတင်ကာ တည်ဆောက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်အောင်မြင့်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းပေါင်း ၈၆၂ ခန်းကို ဝင်ငွေနည်းပြည်သူများနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို အများဆုံး ရောင်းချပေးသွားမည်ဖြစ်ပြီး ယင်းတိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ဖေဖော်ဝါရီလ ၁၆ ရက်မှစတင်ကာ ရောင်းချနေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တည်ဆောက်ပြီးစီးသည့် တန်ဖိုးနည်း အိမ်ရာတိုက်ခန်းများအနက်မှ ၁၅ ရာခိုင်နှုန်းကို အငြိမ်းစားဝန်ထမ်းများအား ဦးစားပေး ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်မြို့တော်တွင် လာရောက်အလုပ်လုပ်ကိုင်သူများ နေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာရောင်းဝယ်ရေးစင်တာတစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ရှစ်ခု၌ အစိုးရဝန်ထမ်းအိမ်ရာ ၁၈ ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း ကျူးကျော်စမတ်ကတ် ထုတ်ပေးထားသူများကို ထားရှိရန် စီစဉ်ထားသည့် တွံတေးမြို့နယ်ရှိ မြေဧက ၂၆၂ ဧကပေါ်တွင် အိမ်ရာများကို ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်)က တိုက်ခန်း ၈၀ဝ ကျော်ကို မြို့တော်ခန်းမတွင် စက်တင်ဘာလ ၇ ရက်က မဲဖောက်ရောင်းချပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)ထံမှ သိရှိရသည်။
၂၀၁၈ ခုနှစ်အတွင်း အငြိမ်းစားယူ မည့်ဝန်ထမ်းများ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန် နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကို ခြောက်လအတွင်း အပြီးဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။