News

POST TAGGED AS

အာဏာရှင်

27-Aug-2017 tagged as အာဏာရှင်
အာဏာရှင်ခေတ်နှင့် အာဏာရှင် တစ်ပိုင်းခေတ်တို့တွင် ထိုကဲ့သို့ အဓိကနှင့် သာမည ခွဲခြားနိုင်ခြင်း မရှိဘဲ နီးစပ်ပတ်သက်ရာများ၊ တပည့်တပန်းများကိုသာ မြှောက်စား၊ ဆုပေးသည့် အနေနှင့် မဆီမလျော် တာဝန်များပေးခဲ့ခြင်း၏ အကျိုးဆက် သို့မဟုတ် အမွေဆိုးကို ယနေ့ မြန်မာပြည်သူလူထု တစ်ရပ်လုံး ခံစားနေရခြင်းဖြစ်သည်။
16-Feb-2017 tagged as အာဏာရှင်
အာဏာရှင် သားတော်တိုင်း ဆိုးကြသည် မဟုတ်။ မူဆိုလိုနီဆိုသည့်အမည် ကြားလိုက်လျှင် ထိတ်လန့်စရာ ကြောက်စရာအဖြစ် မြင်တတ်ကြသည်။ အမှန်တကယ် ကြောက်စရာ ကောင်းခဲ့သည်မှာ ဘင်နစ်တို မူဆိုလိုနီ (Benito Mussolini) ဖြစ်သည်။ ၁၉၁၉ ခုနှစ်က အီတလီနိုင်ငံတွင် ဖက်ဆစ်ဝါဒ ထွန်းကားရေးအတွက် ဖက်ဆစ်ပါတီကို ထူထောင် ခဲ့သူတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ် မတိုင်မီ ကတည်းက အာဏာရှင် မူဆိုလိုနီဟု အမည်တွင်ခဲ့သူ ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် အာဏာရှင်ကြီးသည် ကြိုးဆွဲချပြီး ပြည်သူများ၏ ရက်စက်စွာ အဆုံးစီရင်ခြင်းကို ခံလိုက်ရသည်။ ယခုပြောမည့်သူမှာ မူဆိုလိုနီ၏ သားသမီးငါးဦးအနက် လေးဦးမြောက် သားတစ်ဦး ဖြစ်သည့် ရိုမာနို မူဆိုလိုနီ အကြောင်း ဖြစ်သည်။
02-Feb-2017 tagged as အာဏာရှင်
စာရေးဆရာမ မာရီယာနို ရေးသားသည့် Los Franco S.A. ဆိုသည့် စာအုပ်ထဲတွင် ကာမန်း ဆက်ခံထားသည့် ကုမ္ပဏီပေါင်းမှာ ၁၅၀ ကျော် ရှိသည်ဟု ဆိုထားသည်။ သူတို့မိသားစု ပိုင်ဆိုင်သမျှ ငွေကြေးများကို ဆွစ်ဇာလန်၊ ဖိလစ်ပိုင်နှင့် မီယာမီတို့တွင် ခွဲပြီး အပ်နှံထားသည်။ ၁၉၇၈ ခုနှစ်က ကာမန်းတစ်ယောက် ဆွစ်ဇာလန်သို့ ခရီးထွက်သည်။ စပိန်နိုင်ငံ မက်ဒရစ် လေဆိပ်တွင် ရှာဖွေရေး ကိရိယာရှေ့က ဖြတ်စဉ် အသံတွေ ပေါ်ထွက် လာသည်။ သူမ၏ အိတ်ထဲတွင် အဖိုးတန် ကျောက်မျက်ရတနာပေါင်း များစွာ ရှာဖွေတွေ့ရှိခဲ့ရသည်။