News

POST TAGGED AS

အာဇာနည်နေ့

11-Jul-2017

အာဇာနည်နေ့
အာဇာနည်နေ့တွင် နိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် ညွှန်ကြား
ရန်ကုန်၊ ဇူလိုင် ၁၁

နှစ် (၇၀) ပြည့် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် နိုင်ငံတော်သမ္မတရုံးက အစိုးရဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း သမ္မတရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နှစ် ၇၀ ပြည့် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဥဩဆွဲ အချက်ပေးရေးနှင့် ယင်းအချိန်တွင် သွားလာနေသည့် မော်တော်ယာဉ်များ ခေတ္တရပ်ပြီး ဟွန်းတီးစေရေးတို့အတွက် ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အာဇာနည်နေ့မှာ နိုင်ငံတော်အလံ တိုက်ဝက် လွှင့်ထူဖို့နဲ့ ဥဩဆွဲဖို့ အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်ကို ဆက်လက်ညွှန်ကြားဖို့ အစိုးရဌာန အားလုံးကို ညွှန်ကြားထားပါတယ်။ အဲဒီနေ့မှာ ရန်ကုန်မြို့ထဲမှာလည်း ကားတွေ ရပ်နားပြီး ဥဩဆွဲဖို့ နိုင်ငံသားတွေ အသိစိတ်ဓာတ်နဲ့ ဆောင်ရွက်ပေးကြပါ”ဟု ဦးဇော်ဌေးက ဆိုသည်။

အာဇာနည်နေ့တွင် ထူးခြားသည့် အစီအစဉ်များကို ဆောင်ရွက်ပါကလည်း သမ္မတရုံးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ထံမှ သိရသည်။

“အာဇာနည်နေ့ဟာ ဘယ်တော့မှ မေ့လို့မရတဲ့ သမိုင်းဝင်နေ့ တစ်နေ့ပါ။ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေကို အဲဒီနေ့မှာ အာဇာနည်ဗိမာန်ထိ သွားရောက် ဂါရဝပြုမှာပါ။ နောင်လာ နောင်သားတွေလည်း အမြဲတမ်း မမေ့အပ်တဲ့ နေ့တစ်နေ့ပါ”ဟု သာကေတမြို့နယ်တွင် နေထိုင်သူ အသက် ၇၀ အရွယ် ဦးအောင်ကြီးက ဆိုသည်။

J-10



FOLLOW US