News

POST TAGGED AS

အာဇာနည်နေ့

ကရင်အမျိုးသား အစည်းအရုံး (KNU) က ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ တပ်မဟာ (၅) နေရာတွင် ပြုလုပ်မည့် ကရင်အာဇာနည်နေ့ အခမ်းအနားပြုလုပ်မှုကိစ္စ တပ်မတော်နှင့် ညှိနှိုင်းမှုရရှိကာ ပြေလည်သွားပြီဖြစ်၍ အခမ်းအနားကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း KNU ထံမှ သိရသည်။
ရန်ကုန်မြို့တွင် အဓိက ကျင်းပသည့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား၌ အာဇာနည်ဗိမာန်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နှင့် အတွင်းဝန်များရုံးသို့ ပြည်သူတစ်သိန်းခန့် လာရောက်ခဲ့သည်။
(၇၁) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်အတွင်း အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဖြစ်ရပ်များကို Graphic Board ၃ ခုဖြင့် ပြသမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
(၇၁) နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ အများပြည်သူ လာရောက်ဂါရဝပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
20-Jul-2017 tagged as အာဇာနည်နေ့
လွန်ခဲ့သော နှစ် ၇၀ ဦးအောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် စစ်သား၊ ကျောင်းဆရာ၊ ရှေ့နေ၊ သတင်းစာ ထုတ်ဝေသူ၊ နိုင်ငံရေးသမား၊ စော်ဘွားမျိုးနွယ် စသဖြင့် မတူညီသည့် နယ်ပယ်အစုံက ပါဝင်ခဲ့သလို မတူညီသည့် ဘာသာတရားကို ယုံကြည်သူများလည်း ပါဝင်ခဲ့သည်။
19-Jul-2017 tagged as အာဇာနည်နေ့
နှစ် ၇၀ပြည့်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဝန်ကြီးများရုံး၊ အာဇာနည်ဗိမာန် အပါအဝင် ဗိုလ်ချုပ်ပြတိုက် သုံးနေရာသို့ ပြည်သူ ခုနှစ်သောင်းကျော် တက်ရောက်ဂါရဝပြုခဲ့ပြီး တိုင်းနှင်ပြည်နယ် ၄ ခုခန့်မှ တက်ရောက်သည့် ပြည်သူ နှစ်ထောင်ကျော် ပါဝင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ကော်မတီထံမှ သိရသည်။
အထူးသဖြင့် မျိုးဆက်သစ်များ အနေနှင့် ဗိုလ်ချုပ်၏ ပြောဆို၊ ပြုမူမှုပုံစံများကိုသာ သတိရ တမ်းတနေခြင်းမျိုး၊ အချိုးအစား မညီသော ဗိုလ်ချုပ်ပုံစံတူ ရုပ်တုများကိုသာ ထုဆစ်နေခြင်းမျိုး၊ မိမိတို့နာမည် ကျော်ကြားရေးအတွက် ဗိုလ်ချုပ်ကို အသုံးချနေခြင်းမျိုးတို့ကို လုပ်ဆောင်မနေကြဘဲ အာဇာနည် ခေါင်းဆောင်ကြီး၏ မျှော်မှန်းချက်များကို ရုပ်လုံးပေါ်အောင် လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်သာ ဗိုလ်ချုပ်လမ်းညွှန်ချက်ကို မြေဝယ်မကျ နားထောင်ရာ ကျပေမည်ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကျင်းပပြုလုပ်မည့် နှစ် (၇၀) မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်ကြေးရုပ်တုရှိသည့် ကွင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် စတင် ကျင်းပမည်ဖြစ်ကြောင်း ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ပြောကြားသည်။
12-Jul-2017 tagged as အာဇာနည်နေ့
နှစ်(၇၀) ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်အတွင်းသို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
11-Jul-2017 tagged as အာဇာနည်နေ့
နှစ် (၇၀) ပြည့် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် နိုင်ငံတော်သမ္မတရုံးက အစိုးရဌာန အားလုံးသို့ ညွှန်ကြားထားကြောင်း သမ္မတရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။