News

POST TAGGED AS

အာဆီယံ

အာဆီယံဒေသ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုကို ဖော်ထုတ်တင်ပြနိုင်ရန် ရည်ရွယ်၍ “Capturing the Richness of Biological Resources in the ASEAN Region” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။
24-Apr-2018 tagged as သမ္မတ အာဆီယံ
NLD အစိုးရလက်ထက် ၂ နှစ်ကျော် ကြာကာလအတွင်း နိုင်ငံတကာ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သော်လည်း ယခုလအတွင်း စင်ကာပူနိုင်ငံ၌ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဘဲ သမ္မတသစ် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောကြားသည်။
03-Apr-2018 tagged as အာဆီယံ လမ်း
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ နယ်တောင်ဘက် ကွမ်းဆိပ်ကျေးရွာအနီးတွင် ယခုနှစ်ဦးပိုင်းကတည်းက စတင်ပြီး အာဆီယံလမ်းမဖောက်လုပ်ရာတွင် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသဖြင့် နေအိမ်ဖျက်ပေးခဲ့ရသူများကို နစ်နာကြေးပေးရာတွင် အိမ်ထောင်စုအချို့ ယနေ့တိုင် နစ်နာကြေးမရသေးကြောင်း ကွမ်းဆိပ် ကျေးရွာဒေသခံများထံမှ သိရသည်။
ဩစတြေးလျနိုင်ငံ ဆစ်ဒနီတွင် သုံးရက်ကြာ စည်းဝေးခဲ့ကြသော အရှေ့တောင်အာရှ နိုင်ငံ့ခေါင်းဆောင်များက လုံခြုံရေးမှသည် ကုန်သွယ်ရေးအထိ ကျယ်ပြန့်သော အကြောင်းအရာများနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဝင် မြန်မာပြေးခုန်ပစ်အဖွဲ့ စခန်းသွင်းလေ့ကျင့်ရန် စီစဉ်နေသည်ဟု ယင်းအားကစားအဖွဲ့ထံမှ သိရသည်။
ဩစတြေးလျနိုင်ငံတွင် ကျင်းပ မည့် အာဆီယံအထူးအစည်းအဝေးပွဲသို့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သူများက မြို့တော်ဆစ်ဒနီတွင် ကန့်ကွက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း Press TV သတင်းဌာနက ရေးသားဖော်ပြသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) သို့ဝင်ရောက်ရာတွင် ရရှိနိုင်မည့် အကျိုးကျေးဇူး၊ ရင်ဆိုင်ရမည့်စိန်ခေါ်မှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် အာဆီယံစီးပွားရေးအသိုက်အဝန်း AEC-2025 ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ ဖြေရှင်းနိုင်ရေးနှင့် ကာဗွန်ထုတ်လွှင့်မှု နည်းပါးသည့် နည်းပညာများ ပြောင်းလဲပေးရေးကို ဆောင်ရွက်နိုင်ရန် အစိမ်းရောင်စီးပွားရေးဆိုင်ရာ အာဆီယံဗဟိုဌာနကို ရန်ကုန်မြို့တွင်၂၀၁၈ ခုနှစ်အတွင်း စတင်ဖွင့်လှစ်မည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။
ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့၌ ပြုလုပ်မည့် အကြိမ်သုံးဆယ်မြောက် ငြိမ်းချမ်းရေးလိုလားသော အာဆီယံ - ပစိဖိတ် ကလေးများ တွေ့ဆုံပွဲသို့ မြန်မာကလေးငယ်များ အခမဲ့ပါဝင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းထံမှ သိရှိရသည်။
17-Sep-2017 tagged as အာဆီယံ
အာဆီယံချန်ပီယံရှစ် ယူ-၁၈ ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲတွင် တာဝန်ယူခဲ့သည့် ဗီယက်နမ်ဒိုင်လူကြီးကို အရေးယူပေးရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အာဆီယံဘောလုံးအဖွဲ့ချုပ်ထံ စာတင်ထားကြောင်း သိရှိရသည်။